ဇာတ်ကားများ ရွေးရန်

Territory

2024ဇာတ်လမ်းတွဲအမှတ် 6.9/10

Season 1 အပိုင်း ( ၁ မှ ၆ ) အထိ စ / ဆုံး ဒီတ‌စ်ခေါက်မှာတော့ Netflix ကရိုက်ကူးတင်ဆက်ထားတဲ့ ဩစတြေးလျက မိသားစုပိုင် နွားမွေးမြူရေးလုပ်ငန်း အကြောင်း စီးရီးတစ်ခုကို တင်ဆက်ပေးလိုက်ချင်ပါတယ်။ မိသားစုပိုင် နွားမွေးမြူရေးလို့ပြောလို့ အသေးစားစီးပွားရေး လုပ်ငန်းလေးတစ်ခုလို့ ထင်လိုက်ရင် သိပ်ကိုမှားသွားပါလိမ့်မယ်။ ဘာလို့ဆို အခုဇာတ်လမ်းထဲမှာပါတဲ့နွားခြံဟာ ကမ္ဘာ့အကြီးဆုံး ဧရာမ နွားမွေးမြူရေးခြံကြီးဖြစ်နေလို့ပါပဲ။ ဩစတြေးလျနိုင်ငံမြောက်ပိုင်းဒေသတွေမှာ ဘိုးစဉ်ဘောင်ဆက် ကတည်းက အခြေချနေထိုင်ပြီး နွားမွေးမြူရေးကို အင်ပါယာကြီး တစ်ခုသဖွယ် တည်ဆောက်လုပ်ကိုင်နေကြတဲ့ မိသားစုတွေရှိပါတယ်။ ဒီဇာတ်လမ်းထဲမှာတော့ လောဆင်မိသားစုကို အဓိကထားပြီး ဇာတ်အိမ်တည်ပြထားပါတယ်။ လောဆင်မိသားစုဟာ မေရီအန်း ဆိုတဲ့ ကမ္ဘာ့အကြီးဆုံးနွားမွေးမြူရေးခြံကြီးကိုပိုင်ဆိုင်ထားပြီး မိသားစုလုပ်ငန်းအမွေကိုဆက်ခံလာလိုက်တာ အခုဆို မျိုးဆက် ၅ဆက်မြောက်ကိုတောင်ရောက်လို့နေပါပြီ။ ဒါပေမဲ့ အမျိုးမျိုးသော အကြောင်းတရားတွေကြောင့် ဘဏ်ကြွေးတွေ တပုံကြီးတင်နေပြီး ဒေဝါလီခံရလုနီးပါးဖြစ်နေတာကြောင့် နွားတွေ တင်ပို့ရမဲ့အတွက် နွားသိမ်းရာသီမှာ ဘာတစ်ခုမှချွတ်ချော်လို့မရတဲ့ အခြေအနေကိုရောက်လို့နေပါတယ်။ အဲဒီအချိန်မှာပဲ တိုက်တိုက်ဆိုင်ဆိုင် မေရီအန်းနွားခြံကို လက်ရှိမှာ ဦးစီးနေ‌တဲ့ လောဆင်မိသားစုရဲ့သားအငယ်ဆုံး ဒန်နီယယ်လောဆင်ဟာ ရုတ်တရက်သေဆုံးသွားခဲ့ပါတယ်။ ဒီလိုနဲ့ လောဆင် မိသားစုတွင်းမှာ ခေါင်းဆောင်နေရာအတွက် ပဋိပက္ခလေးတွေစတင်ဖြစ်လာပါတယ်။ "နွားကွဲရင်ကျားဆွဲတယ်"ဆိုတဲ့ စကားအတိုင်း လောဆင်မိသားစု သွေးကွဲတာကို အသင့်စောင့်နေကြတဲ့ အခွင့်ကောင်းသမားတွေ ကလည်း မေရီအန်းခြံကြီးကို အပိုင်သိမ်းဖို့ ကြံစည်လာကြပါ တော့တယ်။ လောဆင်မိသားစုက အဲဒီအခက်အခဲတွေကိုဘယ်လိုရင်ဆိုင်ပြီး ခြံကြီးကို ဘယ်လိုထိန်းသိမ်းသွားမလဲဆိုတာ စိတ်ဝင်စားဖွယ် ကြည့်ရမဲ့ စီးရီးတစ်ခုပါ။ ဒါ့အပြင် ဩစတြေးလျနိုင်ငံရဲ့ သဘာဝအလှတရားတွေကိုပါ တဝကြီး ကြည့်ရှုရမှာဖြစ်ပြီး၊ နွားကောင်ရေ ထောင်နဲ့ချီကို ကားတွေဆိုင်ကယ်တွေ ရဟတ်ယာဉ်တွေနဲ့ ‌အဂေါ်ကြီးတွေ ကျောင်းပြသွားမှာဆိုတော့ ဘာတွေဆက်ဖြစ်မလဲဆိုတာ ဇာတ်လမ်းထဲမှာပဲဆက်လက်ကြည့်ရှုလိုက်ကြပါဦး။ File Size –923 MB  / 529 MB Quality –WEB-DL 1080p HEVC / 720p Episodes -  6 Eps Duration -  1h Subtitle – Myanmar Hardsub Format – mkv /mp4 Genre :  Adventure , Drama , Western Translator – Muse , July , Aoi Encoder – Min Wai

အပိုင်းများ

6 အပိုင်း၊ season 1 season

ဇာတ်လမ်းအကြောင်း