ဇာတ်ကားများ ရွေးရန်

Franklin

2025ဇာတ်လမ်းတွဲအမှတ် 5.8/10

Season 1 အပိုင်း ( ၁ မှ ၆ ) အထိ စ / ဆုံး ငွေတုထုတ်လုပ်တာနဲ့ပတ်သတ်တဲ့ ရုပ်ရှင်တွေ Series တွေကို အနည်းနဲ့အများတော့ ကြုံတွေ့ရှုစားဖူးကြမှာပါ။ အခုတင်ဆက်ပေးမဲ့ Franklin ဆိုတဲ့ Series ကလည်း လက်ဘနွန်နိုင်ငံကနေရိုက်ကူးထားတဲ့ ငွေတုထုတ်လုပ်တဲ့ အကြောင်းကို အဓိကထားရိုက်ကူးထားတဲ့ စိတ်ကူးယဉ် Series လေးပဲဖြစ်ပါတယ်။ Episode 6 ပိုင်းပါရှိပြီး တစ်ပိုင်းနဲ့တစ်ပိုင်းကို အချိတ်အဆက် မိမိ ရိုက်ကူးထားတဲ့အတွက် အရှေ့မှာထွက်ခဲ့တဲ့ ဆင်တူယိုးမှား ဇာတ်ကားတွေကိုမမှီရင်တောင် ကြည့်ရတာမပျင်းစေမဲ့ Series ပဲဖြစ်ပါတယ်။ ဒီဇာတ်ကားရဲ့အဓိကဇာတ်ကောင်ကတော့ တောခွေးလို့ခေါ်တဲ့ နာမည်ကြီးငွေတုလုပ်သမားရဲ့သားဖြစ်သူ အက်ဒမ်ပဲဖြစ်ပါတယ်။ သူ့အဖေကတော့ အဲ့ဒီလုပ်ငန်းကိုစွန့်လွှတ်ခဲ့တာကြာနေပြီဖြစ်ပြီး အခုအချိန်မှာရောဂါကြောင့်သေလုမျောပါးဖြစ်နေပါတော့တယ်။ အက်ဒမ်ကလည်း တစ်ကိုယ်တော်ဖခင်တစ်ယောက်ဖြစ်ပြီး သူ့မှာသမီးလေးတစ်ယောက်ရှိပေမဲ့ သူ့သမီးလေးမှာလည်း နှလုံးနဲ့ သက်ဆိုင်တဲ့ရောဂါကြီးကြီးမားမားရှိနေတဲ့အတွက် အဖေဖြစ်သူနဲ့ သမီးဖြစ်သူအတွက် လိုအပ်တဲ့ဆေးကုသစရိတ်တွေရှာဖို့ အက်ဒမ် တစ်ယောက်တိုင်ပတ်လို့နေပါတော့တယ်။ သူက ငယ်ငယ်ကတည်းက သူ့အဖေလက်ထဲမှာကြီးပြင်းလာတာ ဖြစ်တဲ့အတွက် ငွေတုလုပ်တဲ့လုပ်ငန်းကိုတော့ ရင်းနှီးကျွမ်းကျင် နေသူဖြစ်ပေမဲ့ သူ့အဖေစွန့်လွှတ်ခဲ့တဲ့လောကထဲကိုပြန်ဝင်မလား အဖေဖြစ်သူနဲ့သမီးဖြစ်သူကို ကယ်တင်ဖို့အတွက် ပိုက်ဆံအများကြီး ရနိုင်တဲ့ငွေတုလုပ်ငန်းလောကထဲကိုပဲပြန်ဝင်ပြီး အရှုပ်အထွေး တွေကိုရင်ဆိုင်မလားဆိုတာကိုရှုစားရမဲ့ Series ကောင်းတစ်ခုပဲ ဖြစ်ပါတယ်။ ( ဒီစီးရီးအညွှန်းကိုတော့ Saw Lay မှ ရေးသားပေးထားပါတယ်) File Size –510 MB Quality –WEB-DL 1080p HEVC Episodes -  6 Eps Duration -  44 min Subtitle – Myanmar Hardsub Format – mkv Genre :  Drama , Crime Translator – Saw Lay , Ye Thiha Htet & Wil Encoder – Min Wai

အပိုင်းများ

6 အပိုင်း၊ season 1 season

ဇာတ်လမ်းအကြောင်း