ဇာတ်ကားများ ရွေးရန်

Queen For Seven Days

2017ဇာတ်လမ်းတွဲအမှတ် 6.2/10

Queen for Seven Days (2017) အပိုင်း (၁မှ ၂၀) စ/ဆုံး ကျွန်တော်တို့ Channel Myanmar ကနေ ယခုတစ်ခေါက်တင်ဆက်ပေမဲ့ ဇာတ်လမ်းတွဲလေးကတော့ နန်းတွင်းကားလေးလည်း ဖြစ်ရမယ် romantic လည်းဆန်ရမယ် နိုင်ငံရေးအရှုပ်တော်ပုံတွေလည်း ပါဝင်ရမယ်ဆိုတဲ့ ပရိသတ်ကြီးတို့အကြိုက် နာမည်ကြီးမင်းသားမင်းသမီးတွေလည်း ပါဝင်ထားအပြင် ဖြစ်ရပ်မှန်အပေါ်အခြေခံ ရိုက်ကူးထားတဲ့ Queen for 7 days ဆိုတဲ့ ဇာတ်လမ်းတွဲလေးပဲဖြစ်ပါတယ် သရုပ်ဆောင်တွေအနေနဲ့ What’s wrong with secretary Kim? ကားထဲက အတွင်းရေးမှူးမမလှလှ မင်းသမီး Park Min Young, နာမည်ကြီး Horror ဇာတ်လမ်းတွဲလေးတစ်ခုဖြစ်တဲ့ Priest ထဲက ဖာသာမိုက်ကယ် မင်းသား Yeon Woo Jin နဲ့ Sketch ကားထဲက မင်းသား Lee Dong Gun တို့ပဲဖြစ်ပါတယ် ဇာတ်လမ်းအကျဉ်း ~~~~~~~~~~~~~~ ဂျိုဆွန်းခေတ်က မျိုးရိုးမြင့်မိသားစုတစ်စုရဲ့ သမီးဖြစ်သူ ရှင်းချယ်ဂယောင်း (Park Min Young) ဟာ ငယ်စဉ်အရွယ်က သူငယ်ချင်းဖြစ်သူ အိမ်ရှေ့စံမင်းသား အီယော့ (Yeon Woo Jin) ကို ချစ်မိသူတစ်ဦးပါ။ မင်းသားအီယော့ဟာ ငယ်စဉ်ကတည်းက အစ်ကိုတော်ဖြစ်သူ ဘုရင်ယွန်းဆန်း (Lee Dong Gun) ရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကို ခံစားခဲ့ရတာကြောင့် အစ်ကိုတော်အပေါ် နာကျည်းမုန်းတီးမှုတွေနဲ့အတူ ကြီးပြင်းလာရသူပဲဖြစ်ပါတယ်။ မင်းသားအီယော့ဘဝမှ ဘုရင်ဂျောင်ဂျုံးဖြစ်လာတဲ့အခါမှာတော့ ချယ်ဂယောင်းကလည်း မိဖုရားဒန်ဂယောင်းဖြစ်လာကာ ညီအစ်ကိုတွေကြားက မလိုမုန်းတီးမှုတွေ မနာလိုဖြစ်မှုတွေအပြင် နိုင်ငံရေးအရှုပ်အရှင်း ပဋိပက္ခာတွေကြား ဖခင်ဖြစ်သူကလည်း ဘုရင်ကို ဆန့်ကျင်ပုန်ကန်လာခဲ့တဲ့အခါ မိဖုရားဒန်ဂယောင်းတစ်ယောက် မိဖုရားဘွဲ့ ရပြီး ၇ ရက်အတွင်း နန်းချခံရကာ နန်းတော်ထဲကနေ နှင်ထုတ်ခံခဲ့ရပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် သိပ်ချစ်ကြပေမဲ့လည်း အတူမရှိနိုင်တော့တဲ့အခါ ဘုရင်ဂျောင်ဂျွန်းနဲ့ မိဖုရားဒန်ဂယောင်းတို့ ဘယ်လိုများဆက်ဖြစ်ကြမလဲ သူတို့ရဲ့ ချစ်ခြင်းမေတ္တာကရော ကြာရှည်ခံပါ့မလားဆိုတာကို နိုင်ငံရေးပဋိပက္ခာတွေ ညီအစ်ကိုကြားက အားပြိုင်မှုတွေကိုပါ ထည့်သွင်းရိုက်ကူးထားတာမို့လို့ Queen for Seven Days ဆိုတဲ့ဇာတ်လမ်းတွဲလေးကို စောင့်မျှော်ကြည့်ရှုပေးကြပါဦးနော်။ (အညွှန်းကိုတော့ Theint က ရေးသားထားပါတယ်) Quality - HDTV 1080p/ 720p Duration - 1 hr Format - mp4 Genre - Drama, Romance Subtitle - Myanmar Subtitle (Hard Sub) Translated by - Miri, Nyein Sandi, Theint, Pan Hsu, Kyoun & Wutyi Encoded by - Treasure Htet

အပိုင်းများ

20 အပိုင်း၊ season 1 season
ပြထားသည် 12 မှ 20 အပိုင်း

ဇာတ်လမ်းအကြောင်း