ဇာတ်ကားများ ရွေးရန်

Be Passionately in Love

2025ဇာတ်လမ်းတွဲ

The Last Immortal ထဲက မင်းသားချောလေး Wang Anyu နဲ့ 2000 နှစ်ဖွား မင်းသမီးချောလေး Liu Haocun တို့ရဲ့ ရိုမန်းတစ်အချစ်ဇာတ်လမ်းလေးထွက်ရှိလို့လာပါပြီ။ တရုတ်နိုင်ငံတောင်ပိုင်းက မိုးများတဲ့ ချင့်ရီမြို့မှာ ရွှီကျစ်(Liu Haocun) နဲ့ ချန်လုကျိုး (Wang Anyu) တို့ဟာ အထင်လွဲစရာတစ်ခုကြောင့် တွေ့ဆုံခဲ့ပြီး ဇာတ်လမ်းလေး စတင်ခဲ့ပါတယ်။ သူတို့နှစ်ယောက် ပျော်ရွှင်စနောက်ပြီး အချင်းချင်းပြောဆိုခဲ့ပြီးနောက် အချစ်ရဲ့ အငွေ့အသက်တွေ ပိုပြင်းထန်လာခဲ့ပါတယ်။ ဒါပေမဲ့ ဒီဖူးစာကို ရပ်တန့်လိုက်တဲ့ အဖြစ်တစ်ခု ရှိလာပါတယ်။ ချန်လုကျိုးဟာ မိသားစုက စီစဉ်ပေးတဲ့အတိုင်း နိုင်ငံခြားမှာ ကျောင်းတက်ရမှာဖြစ်ပြီး ရွှီကျစ်ကတော့ သူတက်ချင်တဲ့ ပေကျင်းအင်ဂျင်နီယာတက္ကသိုလ်ကို တက်ခွင့်ရခဲ့ပါတယ်။ သူတို့ရဲ့ ချစ်ခြင်းကလည်း တစ်နေရာစီ ဖြစ်ခဲ့ရပါတယ်။ ဒါပေမဲ့ ကံကြမ္မာက ချစ်သူနှစ်ဦးကို ပစ်မထားပါဘူး။ ချန်လုကျိုးဟာ နိုင်ငံခြားမထွက်တော့ဘဲ ပြည်တွင်းကို ပြန်လာခဲ့ပြီး ရွှီကျစ်ရှိနေတဲ့ တက္ကသိုလ်ကို ဝင်ခွင့်ရအောင် ဖြေခဲ့ပါတယ်။ ခွဲခွာပြီးမှ ပြန်ဆုံရတာ ဖြစ်တဲ့အတွက် ချန်လုကျိုးဟာ ချစ်ရသူ ရွှီကျစ်ကို ပြန်လိုက်ဖို့ ကြိုးစားပါတော့တယ်။ တက္ကသိုလ်ကျောင်းသားလေး နှစ်ယောက်ရဲ့ ရင်ခုန်စရာ အချစ်ဇာတ်လမ်းလေးကို CM က နေ့စဉ် ဘာသာပြန်တင်ဆက်ပေးသွားမှာဖြစ်လို့ စောင့်မျှော်ကြည့်ရှုကြပါဦးနော်။ Quality : WEB-DL 1080p, 720p Total Episodes : 24 Format : mp4 Genres : Romance, Drama Runtime : 45 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Moon Encoded by LK

အပိုင်းများ

24 အပိုင်း၊ season 1 season
ပြထားသည် 12 မှ 24 အပိုင်း

ဇာတ်လမ်းအကြောင်း