ONE: High School Heroes
ONE: High School Heroes (2025) အပိုင်းသစ် (1 မှ 8) စ/ဆုံး ကျောင်းသားအက်ရှင်ကားလေးတွေကို ကြိုက်နှစ်သက်ကြတဲ့သူတွေအတွက် Moving ထဲက ချစ်စရာမင်းသားလေး Lee Jung-Ha နဲ့ Wedding Impossible ထဲက မင်းသား Kim Do-Wan တို့ အဓိကပါဝင်သရုပ်ဆောင်ထားတဲ့ ဖတ်ရှုသူ 65 M ရှိ နာမည်ကြီး Webtoon ကို ပြန်လည်ပုံဖော်ထားတဲ့ ဇာတ်ကားအသစ်လေး ထွက်ရှိလာပါပြီ။ ဇာတ်လမ်းအညွှန်း ဂင်အွီဂယောင်း(Lee Jung-Ha)ဟာ စာအတော်ဆုံး ထိပ်တန်းစံပြကျောင်းသားတစ်ယောက်ဖြစ်ပြီး ဖခင်ဖြစ်သူ ဂင်ဆော့ထယ် (Kim Sang-Ho) ရဲ့ ဖိနှိပ်မှုတွေကြောင့် အကြမ်းဖက်မှုတွေကနေ တမင်ဝေးဝေးရှောင်ပြီးနေနေတဲ့သူပါ။ ဖခင်ဖြစ်သူ ဂင်ဆော့ထယ်ဟာ အောင်မြင်တဲ့စီးပွားရေးသမားတစ်ယောက်ဖြစ်ပြီး ကြင်နာတတ်တဲ့ပုံပေါက်ပေမဲ့ တကယ်တော့ သားဖြစ်သူ ဆရာဝန်ဖြစ်ဖို့အရေး စည်းကမ်းတင်းကြပ်စွာနဲ့ ဆုံးမပဲ့ပြင်နေတဲ့သူဖြစ်ပါတယ်။ တစ်နေ့မှာတော့ အဖြစ်အပျက်တစ်ခုကြောင့် ဂင်အွီဂယောင်းရဲ့အတိုက်အခိုက်စွမ်းရည်တွေ ပေါက်ကွဲထွက်လာခဲ့ပြီး အခြေအနေကို အကဲဖြတ်တာ မြန်ဆန်လွန်းတဲ့ အတိုက်အခိုက်ကျွမ်းကျင်သူ ဂန်ယွန်းဂီ (Kim Do-Wan) တစ်ယောက် ဂင်အွီဂယောင်းရဲ့အရည်အချင်းကို သတိထားမိသွားပါတော့တယ်။ ဒီလိုနဲ့ ရည်ရွယ်ချက်အစစ်အမှန်ကို ဖုံးကွယ်ပြီး လူအေးလေး ဂင်အွီဂယောင်းကို တိုက်ခိုက်ရေးလောကထဲ အတင်းဆွဲသွင်းခဲ့သူ ဂန်ယွန်းဂီတစ်ယောက် နှစ်ယောက်သားပူးပေါင်းပြီး မျက်နှာဖုံးစွတ်ကာ အထက်တန်းသူရဲကောင်းအဖွဲ့အနေနဲ့ ကျောင်းမှာအနိုင်ကျင့်ဗိုလ်ကျတဲ့သူတွေကို ဘယ်လိုနှိမ်နင်းသွားကြမလဲ... ဂန်ယွန်းဂီရဲ့ရည်ရွယ်ချက်အစစ်အမှန်ကရော ဘာဖြစ်မလဲဆိုတာကို ကျောင်းတွင်းအက်ရှင်ကားပီပီ ခပ်မိုက်မိုက် ကြည့်ရှုသွားရမှာပဲဖြစ်ပါတယ်။ (အညွှန်းကိုတော့ Hsu Pyae မှ ရေးသားထားပါတယ်။) Aired: Apr 28, 2025 - ? Aired On: Friday Genres: Action, Youth, Drama Episodes: 8 Original Network: Wavve Translated by Hnin Wai Oo, Su Sandi, Yati Naing, Theint, Toe Toe Aung & Phyo Encoded by Tiff
အပိုင်းများ
8 အပိုင်း၊ season 1 seasonဇာတ်လမ်းအကြောင်း