ဇာတ်ကားများ ရွေးရန်

Nine Perfect Strangers

2021-2025ဇာတ်လမ်းတွဲအမှတ် 7.0/104K

Season 01/02 ( စ/ဆုံး ) Nine Perfect Strangers (2021-2025) IMDb Rating (7.0) / Rotten Tomatoes (50%) "ဘဝအခက်အခဲတွေနဲ့ ရုန်းကန်နေရတဲ့ လူစိမ်း ၉ ယောက် " "ဒဏ်ရာတိုင်းမှာ ကုစားနည်းရှိသလို၊ လူတိုင်းမှာလည်း မဖော်ပြနိုင်တဲ့ နာကျင်မှုတွေ ရှိနေတတ်ကြတယ်" ဆိုတဲ့ စကားလေးကို ပေါ်လွင်အောင် ရိုက်ကူးတင်ဆက်ထားတဲ့ Nine Perfect Strangers ၊ "Tranquillum House" ဆိုတဲ့ စင်တာတစ်ခုကို လာရောက်ပြီး စိတ်ရောကိုယ်ပါ ကုစားကြဖို့ မျှော်လင့်ထားကြတဲ့ လူစိမ်း ၉ယောက်နဲ့ အဲ့စင်တာကို ဦးဆောင်တဲ့ ထူးဆန်းတဲ့အမျိုးသမီးတစ်ဦးဖြစ်သူ ရုရှားသူလေး မာရှာ.. မာရှာရဲ့ လမ်းညွှန်မှုနဲ့ စိတ်ရောကိုယ်ပါ ပြန်လည်ကုစားဖို့ ကုထုံးတွေကို ခံယူခဲ့ကြပေမဲ့ ဒီကုထုံးတွေက သူတို့မျှော်လင့်ထားတာထက် ပိုထူးဆန်းပြီး ပိုအန္တရာယ်များလာကြတဲ့အခါ.. လူစိမ်း (၉) ယောက်က ဒီစင်တာကို မတူညီတဲ့အခက်အခဲပြဿနာပေါင်းစုံနဲ့ လာရောက်ကြသူတွေဖြစ်ပြီး တစ်ယောက်ချင်းစီမှာ လျှို့ဝှက်ဖုံးကွယ်ထားတဲ့အရာတွေရှိနေကြပါတယ်။ အပိုင်းတိုင်းမှာ တစ်ယောက်ချင်းစီရဲ့ ဖုံးကွယ်ထားတဲ့ လျှို့ဝှက်ချက်တွေ နာကျင်မှုတွေကို ပုံဖော်ရိုက်ကူးထားခြင်း ဖြစ်ပြီး လူတွေရဲ့ စိတ်ခံစားချက်တွေ၊ လူတွေရဲ့ အားနည်းချက်တွေ၊ ပုန်းကွယ်နေတဲ့ နာကျင်မှုဒဏ်ရာတွေ စတဲ့ ခံစားချက်အမျိုးမျိုးကို ပုံဖော်ပေးတဲ့ Series တစ်ခုဖြစ်လို့ ထူးဆန်းထွေလာတွေကို ကြိုက်နှစ်သစ်တဲ့ ပုရိသတ်တွေအနေနဲ့ ကြည့်ရှုသင့်တဲ့ series တစ်ခု ဖြစ်ပါတယ်.. (အညွှန်းနဲ့ဘာသာပြန်ကတော့ Su Mon ဖြစ်ပါတယ်။) File size… (3 GB) / (1 GB) / (500 MB) Quality…. WEB-DL 4K HEVC / 1080p HEVC / 720p Format…. mkv/mp4 Genre…. Drama, Mystery, Thriller Duration…. 00:50:00 Subtitle…. Myanmar Subtitle (Hardsub) Encoder…. Benjamin Translated by Su Mon

အပိုင်းများ

16 အပိုင်း၊ season 2 season

ဇာတ်လမ်းအကြောင်း