Who Saw the Peacock Dance in the Jungle?
Who Saw the Peacock Dance in the Jungle? (2025) အပိုင်း (၁ မှ ၁၀) စ/ဆုံး အခုတစ်ခါတင်ဆက်ပေးချင်တဲ့ စီးရီးလေးကတော့ ငယ်ငယ်က အားလုံးရဲ့ အသည်းစွဲ ဇာတ်ရုပ်ဖြစ်တဲ့ Death Note ဇာတ်ကားထဲက L မင်းသား Ken'ichi Matsuyama နဲ့အတူ ပျိုပျိုလေးတို့ အသည်းစွဲ မိုရီဆကီဝင်း (Win Morisaki) ပါ ပါဝင်ထားတဲ့ မှုခင်းဒရာမာ စီးရီးကောင်းလေးဖြစ်ပါတယ်။ ပါဝင်သရုပ်ဆောင်ထားတဲ့ မင်းသားလေး နှစ်ယောက်အပြင် အကြည်ဓာတ်ရှိတဲ့ မင်းသမီးလေး Suzu Hirose လည်းပါတော့ ကြည့်ရတာ တန်နေပါပြီနော်။ "တောထဲမှာ ဒေါင်း ကနေတာကို ဘယ်သူမြင်လဲတဲ့" အဓိပ္ပာယ်ကတော့ တောထဲမှာ ကနေတဲ့ ဒေါင်းကို ဘယ်သူမှ မမြင်လိုက်ဘူးဆိုရင် ဒေါင်း ကတယ်ဆိုတာက ဒေါင်းကိုယ်တိုင်ပဲ သက်သေခံအဖြစ်ရှိနေမှာပါ။ တကယ်လို့ ဒေါင်း တကယ်မကဘူးဆိုရင်တောင်မှ အဲဒီသက်သေခံဖြစ်တဲ့ ဒေါင်းက ကပါတယ်လို့ပြောရင် တောထဲမှာ ဒေါင်းကပါတယ်ဆိုတဲ့ကစားက အတည်ဖြစ်သွားမယ်တဲ့။ ဒီစကားကို ခိုမုဂိရဲ့ ဖခင်ဖြစ်သူ ရဲအရာရှိဟောင်းက အမြဲပြောလေ့ရှိပါတယ်။ ခိုမုဂိအဖေဟာ မိခင်မရှိတော့တဲ့ သမီးဖြစ်သူကို အရမ်းချစ်ပေးခဲ့ပါတယ်။ တစ်နေ့မှာတော့ ခိုမုဂိအပြင်မှာရှိနေတုန်း သူတို့နေထိုင်ရာအိမ်ဟာ ရှို့မီးကြောင့် လောင်ကျွမ်းသွားရရင်း ဖခင်ဖြစ်သူပါ မီးထဲပါပြီး သေဆုံးသွားခဲ့ရပါတယ်။ ဖခင်ဆုံးပြီးသွားတဲ့နောက်မှာ အိမုဂိအတွက် သူ့အဖေပေးခဲ့တဲ့ စာကို လက်ခံရရှိခဲ့ပြီး အဲဒီစာထဲမှာတော့ သူလုပ်ကြံခံရလို့ သေသွားခဲ့မယ်ဆိုရင် အဲဒီသေဆုံးမှုဟာ အတိတ်နဲ့ ဆက်စပ်နေကြောင်း မာဆုကဇဲ ယုရှီတဲရုဆိုတဲ့ ရှေ့နေဆီကိုသွားရောက်ပြီး ဒီအမှုမှန် ပေါ်ပေါက်အောင် အမှုလိုက်ခိုင်းစေချင်ကြောင်းပြောကြားရင်း အမှုအတွက် ကုန်ကျမဲ့ ငွေအမောင့်ကိုပါ ထည့်သွင်းပြီး ပေးထားခဲ့ပါတယ်။ သမီးဖြစ်သူဟာလည်း ဖခင်ရဲ့ စကားအတိုင်းပဲ မာဆုကဇဲ ယုရှီတဲရုရှေ့နေဆီကို သွားရာကနေ ဒီဇာတ်လမ်းလေး ဖြစ်ပေါ်လာခဲ့ပါတော့တယ်။ ခိုမိဂိုတစ်ယောက် ရှေ့နေမာဆုကဇဲ ယုရှီတဲရုနဲ့အတူ ဖခင်ဖြစ်သူရဲ့ သေဆုံးမှုအကြောင်းကို ဖော်ထုတ်နိုင်မှာလား ..... ဒီနောက်ကွယ်က ရှုပ်ထွေးနေတဲ့ ဇာတ်လမ်းတွေကရော ဘယ်လိုနည်းနဲ့ပေါ် ပေါက်လာနိုင်မှာလဲ .. ဆိုတာကို ကြည့်ရှုရမဲ့ မှုခင်းဒရာမာ စီးရီးကောင်းလေးဖြစ်ပါတယ်။ (အညွှန်းကို Char Ou မှ ရေးသားပေးထားပါတယ်) Episodes: 10 Aired: Jan 24, 2025 - Mar 28, 2025 Aired On: Friday Original Network: Netflix Genres: Thriller, Mystery, Life, Drama Translated by Char Ou, Reddy, M, KHHZ, DaoPhyo, Kim, Jiyeon & Mary Christ Encoded by AHtet
အပိုင်းများ
10 အပိုင်း၊ season 1 seasonဇာတ်လမ်းအကြောင်း