ဇာတ်ကားများ ရွေးရန်

The Better Sister

2025ဇာတ်လမ်းတွဲအမှတ် 7.3/10

Amazon Prime ရဲ့ ၂၀၂၅ ထွက် အသစ်စက်စက်မှုခင်း စီးရီးလေးကို တင်ဆက်ပေးလိုက်ပါတယ်။ အတိတ်မှာတုန်းက ကလိုဝီဟာ ဆေးစွဲနေတဲ့ အမဖြစ်သူနစ်ကီနဲ့ ကွာရှင်းထားတဲ့ အဒမ်နဲ့ ချစ်ကြိုက်မိပြီး ညီအမချင်းဆက်ဆံရေးပြိုကွဲခဲ့ရပါတယ်။ လက်ရှိအချိန်မှာတော့ ကလိုဝီဟာ အောင်မြင်တဲ့ အမျိုးသမီးအခွင့်အရေးလှုပ်ရှားသူတစ်ဦးအဖြစ် ဆိုရှယ်မီဒီယာမှာ ကျော်ကြားလျက်ရှိကာ အောင်မြင်တဲ့ရှေ့နေတစ်ဦးဖြစ်တဲ့ ယောကျာ်းဖြစ်သူအဒမ် ၊ အမဖြစ်သူနဲ့ ယောကျာ်းဖြစ်သူတို့ရဲ့သားလေး အီသန်တို့နဲ့အတူ ပျော်ရွှင်စရာကောင်းတဲ့မိသားစုလေးကို တည်ဆောက်ထားပါတယ်။ ဒါပေမယ့် ကျော်ကြားမှုရဲ့ ဘေးထွက်ဆိုးကျိုးအဖြစ် အွန်လိုင်းက ခြိမ်းခြောက်မှုတွေကိုလည်း ခံနေရပါတယ်။ ကံဆိုးတဲ့တစ်ရက်မှာတော့ အဒမ်ဟာ အိမ်မှာတစ်ယောက်တည်းရှိနေစဉ် အသတ်ခံလိုက်ရပြီး အခြေအနေတွေရှုပ်ထွေးကုန်ပါတော့တယ်။ တစ်ချိန်လုံးပျောက်နေခဲ့တဲ့ နစ်ကီဟာ အသက်မပြည့်သေးတဲ့အီသန်ရဲ့ တရားဝင်အုပ်ထိန်းသူမိခင်ရင်းအဖြစ်နဲ့ ပြန်ရောက်လာပါတော့တယ်။ ဒီလိုနဲ့ အီသန့်ကို အုပ်ထိန်းခွင့်လုရင်း မတည့်အတူနေညီအမနှစ်ယောက် အဒမ်ကိုသတ်သွားတဲ့ လူသတ်သမားကို ပူးပေါင်းရှာဖွေဖို့ ဖြစ်လာပါတယ်။ အီသန့်ကို အုပ်ထိန်းခွင့် ဘယ်သူရသွားမလဲ။ အဒမ်ရဲ့ ဆန်းကြယ်တဲ့ အသတ်ခံရမှုကကော တရားခံဘယ်သူဖြစ်နေမလဲ ပြင်ပကသူစိမ်းတစ်ယောက်လား ဒါမှမဟုတ် ဘယ်သူမှမထင်ထားတဲ့သူပဲဖြစ်နေမလား ကြည့်ရှုရမှာဖြစ်ပါတယ်။ File size…    800 GB /  350 MB Quality… WEB-DL 1080p / 720p Format… mp4 Audio... AAC Duration…. 1h Genre ..... Drama / Mystery Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated... by CM Team

အပိုင်းများ

8 အပိုင်း၊ season 1 season

ဇာတ်လမ်းအကြောင်း