ဇာတ်ကားများ ရွေးရန်

Blood Curse (Aka) Teluh Darah

2023ဇာတ်လမ်းတွဲအမှတ် 7.2/10

Blood Curse (2023) စ/ဆုံး IMDb Rating (7.3) ဝူလန်ဟာခေတ်ပညာတတ်လှပသွက်လက်တဲ့ မိန်းမပျိုလေးတစ်ယောက်ဖြစ်ပြီး သူတို့မိသားစုဟာ ငွေကြေးပြည့်စုံရုံတင်မကပဲ အချင်းချင်း ချစ်ခင်လေးစားကြသလို လက်အောက်ငယ်သားတွေကိုလည်း စာနာထောက်ထားတတ်ကြတဲ့သူတွေပါ။ အစစအရာရာပြည့်စုံနေတဲ့ သူတို့ဘ၀ဟာ သူတို့ဖခင်ရဲ့အသိနှစ်ဦး ရှေ့ဆင့်နောက်ဆင့်ဆုံးပါးသွားရာကစပြီး ထူးဆန်းတဲ့အဖြစ်တွေကြုံလာရသလို သူတို့ဖခင်ကိုယ်တိုင်ပါ ကျန်းမာရေးစတင်ထိခိုက်လာခဲ့ပါတယ်။ ဒီဖြစ်ရပ်တွေရဲ့နောက်ကွယ်ကိုစုံစမ်းရင်း သူတို့ကြုံနေရတဲ့ ပြဿနာတွေဟာ သဘာ၀လွန်အင်အားစုတွေနဲ့ပတ်သက်နေတယ်ဆိုတာ သိလိုက်ရပါတယ်။ အဲ့ဒီမှာပဲ သူတို့မိသားစုလိုပဲ ဒီလိုအောက်လမ်းတိုက်ခိုက်မှုတွေရဲ့သားကောင်ဖြစ်ခဲ့တဲ့ အယ်ဆာဆိုတဲ့ လူငယ်တစ်ယောက်နဲ့ဆုံဆည်းခဲ့ပြီး သူတို့နှစ်ဦးဟာနက်နဲရှုပ်ထွေးတဲ့လျှို့ဝှက်ချက်တွေကို ဖော်ထုတ်ဖို့ကြိုးစားရင်း၊အန္တရာယ်တွေကိုအတူရင်ဆိုင်ဖြေရှင်းကြရမှာဖြစ်ပါတယ်။ အင်ဒိုနီးရှားရိုးရာ မှော်ပညာကိုအခြေခံထားပြီး မိသားစုဒရာမာတွေ၊ တစ်ဦးနဲ့တစ်ဦးအကောက်ဉာဏ်နဲ့လှည့်စားမှုတွေ၊ လှည့်ကွက်တွေကို ဇာတ်လမ်းဇာတ်အိမ်ခိုင်ခိုင်ခန့်ခန့်နဲ့ရောစပ်ပြထားတာဖြစ်ပြီး တစ်ပိုင်းပြီးတစ်ပိုင်း မထတမ်းဆွဲဆောင်နိုင်တဲ့ ဇာတ်ကားမျိုးပါ။ အောက်လမ်းဇာတ်ကားတို့ထုံးစံ မသတီစရာတွေ၊ စိတ်မသက်မသာဖြစ်စရာပြကွက်နဲ့သွေးထွက်သံယိုတွေတော့ ဖောဖောသီသီပါဝင်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Alias ဖြစ်ပါတယ်။) File size… (650 MB) / (350 MB) Quality…. WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre…. Fantasy, Horror, Thriller Duration…. 00:45:00 Subtitle…. Myanmar Subtitle (Hardsub) Encoder…. Benjamin Translated by Alias

အပိုင်းများ

10 အပိုင်း၊ season 1 season

ဇာတ်လမ်းအကြောင်း