ဇာတ်ကားများ ရွေးရန်

Bates Motel

2013ဇာတ်လမ်းတွဲအမှတ် 8.1/10

Bates Motel Season 1 (2013-2017) IMDB : 8.1 Rotten Tomatoes : 93% Horror သမိုင်းကို ပြောင်းပြန်လှန်ပြီး Modern Horror Era ကို လမ်းကြောင်းပေးခဲ့တဲ့ ရုပ်ရှင်တစ်ကားရှိတယ်။ အဲဒါကတော့ Alfred Hitchcock ရဲ့ Psycho (1960) ဖြစ်ပါတယ်။ Psycho မတိုင်ခင် Horror ရုပ်ရှင်တွေက Gothic Style နဲ့ရိုက်တာများပြီး Psychological Horror/Thriller ဆိုတာ မမြင်ရသလောက်ပါပဲ။ Psycho (1960) မတိုင်ခင်ပေါ့လေ။ Psycho (1960) ရုပ်ရှင်ကြည့်ဖူးသူတိုင်း မင်းသား Anthony Perkins ရဲ့ သရုပ်ဆောင်ချက်ကြောင့် Norman Bates ဆိုတဲ့ဇာတ်ကောင်ကို လူသတ်သမားဖြစ်နေသည့်တိုင်၊ စိတ္တဇဖြစ်နေသည့်တိုင် စွဲလမ်းခဲ့ကြမယ်ထင်ပါတယ်။ ပြီးတော့ သူဘယ်လိုဖြစ်လို့ အခုလိုမျိုး စိတ္တဇဖြစ်သွားတာလဲ တွေးဖူးကောင်းတွေးဖူးကြပါလိမ့်မယ်။ Psycho (1960) နောက်မှာ Psycho သုံးကားထပ်ရှိသေးပေမယ့် ၁ လောက်မကောင်းသလို၊ Norman တစ်ယောက်ဘာလို့ စိတ္တဇဖြစ်သွားလည်းဆိုတာကိုလည်းပြမသွားပါဘူး။ Norman တစ်ယောက်ဘာလို့အဲလိုဖြစ်သွားရလဲဆိုတာကိုသိချင်တဲ့လူတွေအတွက် Bates Motel ကို တင်ဆက်ပေးလိုက်ပါတယ်။ Bates Motel ဟာ Psycho (1960) ရဲ့ Prequel ဖြစ်ပြီး Norman တစ်ယောက် စိတ္တဇဖြစ်သွားရတဲ့အကြောင်းကို ရိုက်ကူးထားတာဖြစ်ပါတယ်။ Psycho (1960) ဟာ Norman ရဲ့ဘဝကိုရိုက်ကူးထားတာဖြစ်ပေမယ့် အချိန်ကတော့ Modern ခေတ်ကို ယူထားတာဖြစ်ပါတယ်။ Sherlock BBC ကြည့်ဖူးကြမယ်ထင်ပါတယ်။ ဇာတ်ညွှန်း Norma နဲ့ Norman ဟာ အရမ်းချစ်ကြတဲ့ သားအမိနှစ်ယောက်ဖြစ်ပါတယ်။ ဒါမှမဟုတ် အမေကပဲ အရမ်းဖြစ်နေတာပေါ့လေ။ ဘာလို့ အမေကအဲလိုဖြစ်နေရလည်းဆိုပြီး ကျွန်တော်ပြောရလဲဆိုတော့ သာမန် အိမ်ထောင်စုတစ်ခုမှာ အဖေ့မျိုးရိုးကိုပဲ ယူကြတာများပါတယ်။ ဒါပေမဲ့ ကြည့်လိုက်ရင် Norman ဟာ သူ့အမေနာမည် Norma ကိုယူပြီးပေးထားတာဖြစ်ပါတယ်။ အဲဒါကြောင့် Norman ဟာ အမေချစ်သား ဒါမှမဟုတ် အမေက အရမ်းထိန်းချုပ်ထားတဲ့သားတစ်ယောက်ဖြစ်ပါတယ်။ Norman တို့ သားအမိနှစ်ယောက်ဟာ Norma ရဲ့ခင်ပွန်းသည်ရုတ်တရတ်ကွယ်လွန်ခဲ့တာကြောင့် မြို့ပြောင်းပြီး မိုတယ်တစ်ခုဖွင့်ဖို့ဆုံးဖြတ်ချက်ချခဲ့ပါတယ်။ ဘဝကို အစကနေပြန်စရတာမလွယ်ပေမဲ့ ခဏခဏအိမ်ပြောင်းနေရတဲ့ Norman အဖို့ သိပ်တော့မထူးဆန်းတော့ပါဘူး။ သူတို့ဟာ ဝယ်ထားတဲ့ မိုတယ်ကို Bates Motel ဆိုပြီးနာမည်ပေးခဲ့ပါတယ်။ ဒါပေမဲ့ မြို့အသစ်၊ လူအသစ်၊ မိုတယ်အသစ်တစ်ခုဖွင့်ဖို့ဆိုတာက ထင်ထားသလောက်လွယ်ကူနေတာမျိုးတော့မဟုတ်ခဲ့ပါဘူး။ Norman တို့သားအမိ ဘယ်လိုမျိုး ဆက်ပြီးဖြတ်သန်းမှာလဲ။ ဒါကတော့ဆက်ပြီးခံစားကြည့်လိုက်ကြပါ။ Norman Bates အဖြစ် The Good Doctor/The Spiderwick Chronicles/August Rush တို့လို နာမည်ကြီးရုပ်ရှင်/ဇာတ်လမ်းတွဲတွေမှာ ပါဝင်သရုပ်ဆောင်ဖူးတဲ့ မင်းသား Freddie Highmore Freddie Highmore ကို Norman အဖြစ် ရွေးလိုက်တာ တကယ်ကို မှန်တယ်လို့ပြောရပါမယ်။ ဘာလို့လဲဆိုတော့ ဘာမှကိုထွေထွေထူးထူး သရုပ်ဆောင်ပြစရာမလိုပါဘူး။ သူကိုယ်တိုင်ကကို စိတ္တဇပုံပေါက်နေတာပါ။ Norma Bates အဖြစ် The Conjuring/Orphan/The Nun စတဲ့နာမည်ကြီး Horror ကားတွေရဲ့ ပင်တိုင်စံမင်းသမီး Vera Farmiga ကသရုပ်ဆောင်ထားပါတယ်။ ဆုပေါင်း ၂၈ ဆုထိရခဲ့ပြီး Critics တွေအကြားမှာ Positive ဖြစ်ခဲ့တဲ့ ဇာတ်လမ်းတွဲမလို့ ကြည့်ကိုကြည့်သင့်တယ်လို့အကြံပေးပါရစေ။ File size…    1 GB /  370 MB Quality… BluRay 1080p / 720p Format… mp4 Duration….  45m Genre ..... Drama / Crime / Mystery Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated... by CM Team

အပိုင်းများ

50 အပိုင်း၊ season 5 season

ဇာတ်လမ်းအကြောင်း