ဇာတ်ကားများ ရွေးရန်

Killer Girl K

2011ဇာတ်လမ်းတွဲအမှတ် 6.9/10

ဒီနေ့အတွက် ကိုရီးယားအက်ရှင်ဇာတ်လမ်းခပ်လန်းလန်း mini-series လေးကိုတင်ပေးချင်ပါတယ်။ အားလုံးပေါင်း အပိုင်း(၃)ပိုင်းပဲရှိပြီး IMDb rating 8.0/10 ထိရရှိထားတဲ့ ဇာတ်လမ်းကောင်း၊ဇာတ်ကားကောင်းလေးပါ။ မင်းသမီးချောချောလေးကနေ အက်ရှင်အကြမ်းအရမ်းခန်းတွေကို အကွက်ကျကျသရုပ်ဆောင် ပြသွားတဲ့အတွက် CM ပရိတ်သက်ကြီးကတော့ ကြိုက်နှစ်သက်ကြဦးမှာမလွဲပါဘူး။ ဇာတ်လမ်းအကြောင်းလေးပြောပြရရင် - ဆိပ်ကမ်းတစ်ခုမှာ ညဘက်သူငယ်ချင်းတွေ့ဆုံတွေ့နေကြရင်း တိုင်းတစ်ပါးသားတွေလူငယ်ပီပီစပ်စုကြရာမှာ အစပြုလာတဲ့ သာမာန်ရန်ပွဲလေးမှ လျှို့ဝှက်အဖွဲ့အစည်း တစ်ခုပါ ပါဝင်ပတ်သတ်လာပြီး လူသတ်သည်အထိ ဖြစ်လာခဲ့ပါတယ်။ ဒီရန်ပွဲမှာ မိမိရဲ့မိတ်ဆွေတွေကို တားရင်း ကိုယ်တိုင်ရန်ပွဲမှာ ပါဝင်မိတဲ့အခါ ... မိခင်ဖြစ်သူပါ ပြန်ပေးဆွဲ ခံခဲ့ရပါတယ်။ မိခင်ဖြစ်သူကို ကယ်တင်နိုင်ဖို့ကြိုးစားတဲ့အခါ ချာယုံဂျင်း တစ်ယောက် အောင်မြင်ပါ့မလား ... လျှို့ဝှက် အဖွဲ့အစည်းက သူ့ကို အသုံးချတဲ့အခါမှာ ချာယုံဂျင်း တစ်ယောက် အတိတ်ဖြစ်ရပ်တွေကို ဘာမှမသိပဲ ထို အဖွဲ့အစည်းအတွက် လုပ်ပေးခဲ့ပါတယ်။ နောက်ပိုင်း ဖြစ်ရပ်စုံကိုသိသွားခဲ့ပြီးမှ သူ့ကိုလိုသလိုအသုံးချနေသူတွေကို ပြန်ပြီးလက်စားချေတဲ့အခါမှာရော အောင်မြင်ပါ့မလား ဆိုတာကို Killer Girl K ဆိုတဲ့ ဒီ ဇာတ်ကားလေးမှာ ဆက်လက်ကြည့်ရှုပါ။ အနည်းငယ်သော ရိုက်ကွက်များမှာ ဇာတ်လမ်းသဘောအရ လူမိုက်တွေ ကျင်လည်ကျက်စားရာ အနှိပ်ခန်း ကဲ့သို့သော နေရာများကိုလည်း မချွင်းမချန်ရိုက်ကူးတင်ဆက်ထားတာကြောင့် ကလေးသူငယ်များ ကြည့်ရှုရန် မသင့်တော်ပါ ကြောင်း အသိပေးအပ်ပါတယ်။ (IMDb မှာတော့ ဒီဇာတ်ကားနာမည်ဟာ Little Girl K လို့ပေးထားပြီး Killer Girl K လို့လူသိများတယ်လို့ ညွှန်းဆိုထားပါတယ်။ ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ဘာသာပြန်ရေးသားပေးသူကတော့ CM Team မှ Carey Nyein ပဲဖြစ်ပါတယ်။) @San Win Maung File Size                          : 900 Mb Quality                            : HD 720P File Size 2                       : 400 Mb Quality                            : 360P Running Time                  : 1h 10m Translator                       : Carey Nyein Encoder                         : San Win Maung

အပိုင်းများ

3 အပိုင်း၊ season 1 season

ဇာတ်လမ်းအကြောင်း