ဇာတ်ကားများ ရွေးရန်

Art Detectives

2025ဇာတ်လမ်းတွဲအမှတ် 9.7/10

Season 1 အပိုင်း ( ၁ မှ ၆ ) အထိ စ / ဆုံး Art Detectives စီးရီးကတော့ အနုပညာနဲ့ရှေးဟောင်းပစ္စည်းဆိုင်ရာပြစ်မှုတွေကို စုံထောက်ဇာတ်လမ်းအဖြစ် ရိုက်ကူးထားတဲ့ ဗြိတိသျှရုပ်သံဇာတ်လမ်းတွဲဖြစ်ပါတယ်။ အဓိကဇာတ်ကောင်တွေကတော့ စုံထောက် Mick Palmer (Stephen Moyer) နဲ့ စုံထောက် Shazia Malik (Nina Singh) တို့ဖြစ်ပြီး အနုပညာလက်ရာလောကရဲ့ အမှောင်ဘက်ခြမ်းဖြစ်တဲ့ အနုပညာလက်ရာတွေခိုးယူခံရခြင်း၊ အတုတွေဖြန့်ချီခြင်းဆိုတာတွေအပြင် ရှားပါးပစ္စည်းတွေနဲ့သက်ဆိုင်တဲ့လူသတ်မှုတွေကိုပါ ဖြေရှင်းကြရတာဖြစ်ပါတယ်။ ဇာတ်လမ်းအကြောင်းအရာ ++++++++++++++++ Palmer နဲ့ Malik တို့ဟာ အမွေအနှစ်ရာဇဝတ်မှုတပ်ဖွဲ့ရဲ့အဖွဲ့ဝင်တွေဖြစ်ပြီး ပြတိုက်တွေ၊ အနုပညာလက်ရာတွေ၊ သမိုင်းဝင်ပစ္စည်းတွေနဲ့ပတ်သက်တဲ့ပြစ်မှုတွေကို စုံစမ်းရှာဖွေဖော်ထုတ်ကြရပါတယ်။ Palmer က အနုပညာသမိုင်းကို နက်နက်နဲနဲနားလည်သူဖြစ်ပြီး Malik က လက်တွေ့ကျတဲ့ရဲတပ်ဖွဲ့ဝင်တစ်ဦးဖြစ်လို့ သူတို့ရဲ့လုပ်ဆောင်ချက်တွေက ရိုးရှင်းပေမယ့်လည်း စိတ်ဝင်စားစရာကောင်းပါတယ်။ Palmer ရဲ့ဖခင်အဖြစ် Ron Palmer (Larry Lamb) လည်းပါဝင်ထားပြီး သူကတော့ ကျော်ကြားတဲ့အနုပညာလက်ရာအတုပြုလုပ်သူတစ်ဦးအဖြစ် ဇာတ်လမ်းရဲ့အရေးပါတဲ့အခန်းကဏ္ဍက ပါဝင်နေပါတယ်။ အနုပညာလက်ရာလောကရဲ့အမှောင်ဘက်ခြမ်းကိုရိုက်ကူးဖော်ပြထားပြီး အနုပညာလက်ရာတွေရဲ့တန်ဖိုး၊ သမိုင်းကြောင်းနဲ့ လျှို့ဝှက်ချက်တွေကို စုံထောက်ဇာတ်လမ်းအဖြစ်ရိုက်ကူးထားတာဖြစ်ပါတယ်။ Art Detectives စီးရီးဟာ အနုပညာလက်ရာသမိုင်းကြောင်းတွေနဲ့ စုံထောက်ဇာတ်လမ်းတွေကို နှစ်သက်သူတွေသဘောကျစေမယ့်ဇာတ်လမ်းတွဲဖြစ်ပြီး Stephen Moyer ရဲ့သရုပ်ဆောင်မှုနဲ့ အနုပညာလက်ရာဆိုင်ရာပဟေဠိတွေက ဇာတ်လမ်းကို ပိုမိုစိတ်ဝင်စားစရာဖြစ်စေတာမြင်တွေ့ရပါတယ်။ File Size –610 MB  / 347 MB Quality –WEB-DL 1080p HEVC / 720p Episodes -  6 Eps ( Ongoing Series ) Duration -  45m Subtitle – Myanmar Hardsub Format – mkv /mp4 Genre :   Crime , Drama Translator –  July , Muse Encoder – Min Wai

အပိုင်းများ

6 အပိုင်း၊ season 1 season

ဇာတ်လမ်းအကြောင်း