ဇာတ်ကားများ ရွေးရန်

Nakee

2016ဇာတ်လမ်းတွဲ

နာခီမယ်တော် ခမ်းကျောက် / နာခီမယ်တော် အဖြစ် Taew Nataphon ထွတ်စဖွန် / စစ်သူကြီး ချိုင်ယစင့်အဖြစ် Ken phupoom ဇာတ်လမ်းအကျဉ်း မဲခေါင်မြစ်အနီး ဒုန်မိုင်ပရွာလေးက မြိုပြကြီးနဲ့ ဝေးကွာပြီး သူကြီးဖြစ်သူ အုပ်ချုပ်မှုအောက်မှာပဲ နေရတဲ့ ရွာငယ်လေး တစ်ရွာဖြစ်ပါတယ် မြွေနဂါး ယုံကြည်မှုရှိပြီး နဂါးတိုရဲ့ဘုရင်မ ( နာခီမယ်တော်) အမျက်ထွက်ရင် လူတွေ သေကြေရတယ်လို ယုံပြီး ဘုရားကျောင်းထားရှိကာ ကိုးကွယ်လေ့ရှိကြပါတယ် တစ်ရက် ရွာသားတစ်ဦးဖြစ်သူ ခန်က အမောက်ပါတဲ့ မြွေဖြူတစ်ကောင်ကို ဖမ်းပြီး ရောင်းစားရာမှ နေကြတ်သွားပြီး လူတွေ သေကြေပျက်စီးခဲ့ရပါတယ် အိုက်ခန်ရဲ့ ဇနီးဖြစ်သူ ခမ်းပေါင်ကတော့ ကိုယ်ဝန်အရင့်အမာရှိနေခဲ့ပြီး ဗိုက်ထဲက ကလေးကို နာခီမယ်တော်ဆီ အပ်ထားခဲ့တာမို နေကြတ်ချိန်မှာ “ခမ်းကျောက်” ဆိုတဲ့ သမီးလေးကို မွေးဖွားနိုင်ခဲ့ပါတယ် ၁၉ နှစ်ကြာပြီးနောက် ခမ်းကျောက်လေးက မြွေတွေနဲ့ စကားပြော၊ မြွေအပြုအမူတွေ ပြလာခဲ့တာမို နာခီမယ်တော်ရဲ့အခြွေအရံလို ရွာသားတွေရဲ့ ပစ်မှတ်ထားမှုကို ခံလာခဲ့ရပါတယ် ရွာသားတွေ ကြောက်နေရတဲ့ နောက်တစ်ကြိမ် နေကြတ်ခါနီးမှ မြိုပေါ်က တက္ကသိုလ်ကျောင်းသားတစ်စုက ဒုန်မိုင်ပရွာလေးရဲ့ သမိုင်းကြောင်းကို လေ့လာဖို ရောက်လာခဲ့ရာက တက္ကသိုလ်ကျောင်းသား ထွတ်စဖွန် တစ်ယောက် ခမ်းကျောက်ကို တွေ့ချိန်မှာ အိပ်မက်ထဲက နတ်သမီးလေးနဲ့ တူနေခဲ့တာမို ချစ်မိသွားခဲ့ပါတော့တယ် ၁၉ နှစ် ကြာပြီးနောက် ရွာသားတွေ ကြောက်နေခဲ့သလို နေကြတ်ချိန်မှာ နာခီမယ်တော် အမျက်ထွက်ပြီး လူတွေထပ်သေဆုံးရဦးမလား ခမ်းကျောက်ကရော လူဟန်ဆောင်ထားတဲ့ မြွေတစ်ကောင်ပဲလား ထွတ်စဖွန်ကရော အရင်က ဒုန်မိုင်ပရွာလေးနဲ့ ဘာပတ်သက်မှုတွေရှိနေခဲ့တာလဲ ဒုန်မိုင်ပရွာနဲ့ မြွေနဂါးယုံကြည်မှုကြားမှာ ခမ်းကျောက်နဲ့ ထွတ်စဖွန်တို အချစ်လမ်းဖြောင့်ဖြူးနိုင်ပါ့မလား တစ်ချိန်က စိတ်အလျောက် လုပ်ခဲ့မိတဲ့ ဝဋ်ကံတွေက လက်ရှိဘဝတွေထိ ဘယ်လိုတွေ သက်ရောက်လာနိုင်လဲဆိုတာ “ နာခီ” ဇာတ်လမ်းတွဲမှာ ကြည့်ရှုကြရအောင် File size…(2.7 GB)/(1.1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:47:00 Genre... Action, Adventure, Drama, Sci-Fi, Fantasy Subtitle….Myanmar Subtitle (Hardsub) Encoder….Elena Translated by Kyi Nue Zin

အပိုင်းများ

11 အပိုင်း၊ season 1 season

ဇာတ်လမ်းအကြောင်း