ဇာတ်ကားများ ရွေးရန်

Families Like Ours

2024ဇာတ်လမ်းတွဲအမှတ် 7.2/10

Families like ours (2024) (season1) IMDb- 6.6./10 Rotten tomatoes - 100% Melodrama ဖြစ်ပြီး မျှော်လင့်ချက်တွေ စိတ်ခံစားချက်တွေကို မမျှော်လင့်ထားတဲ့အချိုးအကွေ့တွေနဲ့ ဖမ်းစားပြမယ့် ဒီစီးရီးမှာတော့ အော်စကာဆုရ ဒါရိုက်တာ Thomas Vinterberg ရိုက်ကူးထားပြီး တစ်မူထူးခြားတဲ့ concept နဲ့စီးရီးအစမှာတင် ဆွဲဆောင်သွားနိုင်တာပါ မွေးဖွားကြီးပျင်းလာတဲ့ကိုယ့်နိုင်ငံ နေရတာလဲအဆင်ပြေသာယာပြီး အရာအားလုံးအသင့်ဖြစ်နေတဲ့အချိန်မှာ ဒိန်းမာ့ခ်နိုင်ငံကြီး ပင်လယ်ရေအောက်ရောက်သွားတော့မှာမလို့ သတိပေးချက်ရလာတဲ့အခါ နိုင်ငံသားတွေပေါ်ဘယ်လောက်တောင် သက်ရောက်မှုရှိသွားမလဲ ဒီဇာတ်လမ်းအကျဉ်းကတော့ လော်ရာဆိုတဲ့ဆယ်ကျော်သက်ကောင်မလေးတစ်ယောက်ရဲ့မိသားစုကိုမူတည်ပြီး ဇာတ်လမ်းတွဲကိုလည်ပတ်ထားတာပါ ဒိန်းမာ့ခ်နိုင်ငံသူတစ်ယောက်ဖြစ်တဲ့ လော်ရာက မိဘတွေကွာရှင်းထားကြပြီးတော့ ဆယ်ကျော်သက်ကျောင်းသူအဖြစ်နဲ့ အချစ်ဦးနဲ့တွေ့ပြီး စိတ်ကူးယဉ်နေတုန်းအချိန် သူ့အဖေဖြစ်သူက အိမ်ကိုရောင်းဖို့လုပ်နေတာ သူ့အတွက် အရာအားလုံးပြိုလဲသွားလိုက်သလိုပါပဲ ဒါပေမဲ့သူ့အဖေရှင်းပြချက်မှာတော့ ဒိန်းမာ့ခ်နိုင်ငံကြီးပင်လယ်ရေအောက်လွှမ်းမိုးခံရဖို့ တဖြည်းဖြည်းနီးစပ်လာချိန်မှာ နိုင်ငံကလူတွေအမြန်ဆုံးထွက်သွားဖို့နဲ့ နိုင်ငံကိုပိတ်ချဖို့ပြင်ဆင်နေတဲ့အကြောင်းပါပဲ ဒါကိုလဲ အနားကပ်မှနိုင်ငံတော်သတင်းစာရှင်းလင်းပွဲရှင်းပြမှာဆိုပေမယ့် အဆက်အသွယ်ရှိသူတွေကတော့ ကြိုပြီးသိနေခဲ့တာပါ အဲဒီထဲမှာ လော်ရာအဖေလဲအပါအဝင်ဖြစ်ပြီး နိုင်ငံကနေထွက်သွားရမယ့်အချိန် သူပိုင်ဆိုင်တဲ့အိမ်ခြံမြေဟာလဲ တန်ဖိုးမဲ့ဖြစ်သွားမယ့်အချိန် ကျောင်းတွေပိတ် အလုပ်တွေရပ်နားပြီး အနီးအနားနိုင်ငံတွေဆီ အလုံးအရင်းနဲ့ပြောင်းရွှေ့ကြတော့မယ့်အရာတွေ အနာဂတ်မှာ ဖြစ်နိုင်ချေရှိတဲ့ တည်ရှိမှုကိုစိန်ခေါ်နေမယ့်ဒီကပ်ဆိုးကြီးတစ်ခုကို ဆုံးဖြတ်ချက်တွေနဲ့ဘယ်လိုရင်ဆိုင်သွားကြမလဲဆိုတာကို ကြည့်ရှုရင်းကိုယ်တိုင်ပါဝင်အဖြေရှာရမယ့် စီးရီးတွဲပဲဖြစ်ပါတယ် ဇာတ်လမ်းနဲ့အညွှန်းကို CM team မှတင်ဆက်ထားတာဖြစ်ပါတယ် File Size – 700 MB (Appx;)@Episode Quality – 1080p WEB DL Duration –51 minute (@Episode) Total Episodes:Eps Subtitle – Myanmar Hardsub Format – Mp4 Genre : Drama~Sci-Fi~Fantasty Translator – CM team Encoder – YK

အပိုင်းများ

7 အပိုင်း၊ season 1 season

ဇာတ်လမ်းအကြောင်း