ဇာတ်ကားများ ရွေးရန်

Gachiakuta

2025ဇာတ်လမ်းတွဲအမှတ် 10.0/10

Gachiakuta (2025) IMDB – 8.5/10, MyAnimeList – 8.1/10 Summer ရာသီရဲ့ နောက်ထပ်အမိုက်စား Anime တစ်ခု လာပါပြီဗျာ။ ဇာတ်လမ်းဇာတ်အိမ်က အလန်းစား၊ ရုပ်ထွက်ကလည်းရှယ်ဆိုတော့ ဘာပြောကောင်းမလဲ။ ဇာတ်လမ်းတည်ဆောက်ထားပုံက ဗဟိုအချက်အချာမှာ လူကုံထံ ချမ်းသာကြွယ်ဝသူတွေနေပြီး မြို့အစွန်ဆုံးတွေမှာကျ ဆင်းရဲသားနင်းပြားတွေကို ဂျာမနီဘာလင်တံတိုင်းလို အုတ်တံတိုင်းကြီးနဲ့ ကာထားပြီး သက်သက်ခွဲခြားထားတာပေါ့။ နောက်ပြီး သူတို့နေထိုင်ရာအောက်မှာ မဟူရာအမှောင်ထုကြီးတစ်ခုပဲရှိတယ်။ အဲဒါကို အဆုံးမဲ့တွင်းကြီးလို့ ခေါ်ပြီး ကြီးလေးတဲ့ ပြစ်မှုကျူးလွန်သူတွေကို ဆင်းရဲသားရပ်ကွက်အစွန်ကနေ အဲဒီတွင်းထဲကို ပစ်ချပြီး သေဒဏ်ပေးလေ့ရှိတာမျိုး။ လူနေနေ အရာဝတ္ထုနေနေ အမှိုက်သရိုက်အဖြစ် အဆက်ဆံခံရပြီး ဧရာမအမှိုက်ပုံကြီးထဲ ပစ်ချခံလိုက်ရတာပေါ့လေ။ အဲဒီမှာ MC ဖြစ်တဲ့ Rudo ဆိုတဲ့ကောင်လေးက လူချမ်းသာတွေရဲ့အမှိုက်ပုံတွေကို ခိုးယူမွှေနောက်ပြီး ပစ္စည်းအစုတ်လေးတွေပြန်ပြင်ကာ စားဝတ်နေထိုင်ရေးအတွက် သက်စွန့်ဆံဖျား ကြိုးစားနေသူတစ်ယောက်။ ဆင်းရဲသားနင်းပြားချင်းအတူတူတောင် အမှိုက်စော်နံလို့ဆိုပြီး အနှိမ်ခံရတဲ့ကောင်လေး။ နာကျင်စရာ နောက်ခံအတိတ်ရှိပြီး မွေးစားအဖေဖြစ်သူနဲ့ အတူတူနေထိုင်ပြီး ချစ်ရတဲ့ သူငယ်ချင်းကောင်မလေးတစ်ယောက်လည်းရှိတယ်။ ဒီလိုမျိုးလေး သူ့ဘဝလေးသူ အေးအေးဆေးဆေးဖြတ်သန်းနေတဲ့ Rudo တစ်ယောက် သူ မကျူးလွန်တဲ့ ပြစ်မှုတစ်ခုအတွက် အဆုံးမဲ့တွင်းကြီးထဲကို ပစ်ချခံရဖို့ ဖြစ်လာတဲ့အခါမှာတော့……..။ File size…  400 MB (Appx;)@Episode Quality… WEB DL 1080p Format… mp4 Duration…. 25m @Episode Genre ..... Animation, Action, Fantasy, Adventure Subtitle…. Myanmar Subtitle (Hard Sub)

အပိုင်းများ

24 အပိုင်း၊ season 1 season
ပြထားသည် 12 မှ 24 အပိုင်း

ဇာတ်လမ်းအကြောင်း