ဇာတ်ကားများ ရွေးရန်

In the Name of Justice

2025ဇာတ်လမ်းတွဲအမှတ် 9.0/10

အမှုအခင်းတွေမှ ကြည့်ချင်ပါတယ်ဆိုတဲ့ CM ပရိသတ်ကြီးတို့ရေ။ Justice in the darkပြီးသွားတော့ ပျင်းနေကြပြီမလား။ အခုတစ်ခါ တင်ဆက်ပြသသွားမှာက " In the name of Justice "ဆိုတဲ့ အမှုတွဲseriesတစ်ခု ဖြစ်ပါတယ်။ ဟိုင်တုန်းခရိုင်မှာ "ဝမ်လုပ်ငန်းစုဂိုဏ်းအမှု" ကို စုံစမ်းစစ်ဆေးတဲ့အချိန်မှာ ကျန်းဝမ်ကျင်းဆိုတဲ့ အမျိုးသားတစ်ယောက်က မှားယွင်းပြီး စွပ်စွဲခံခဲ့ရတဲ့ကြောင်းကို စုံစမ်းစစ်ဆေးရေးမှူးတွေက တွေ့ရှိသွားခဲ့ပါတယ်။ အဲဒီအဖြစ်ကနေတစ်ဆင့် တရားရုံးတွေ ဥပဒေရုံးတွေမှာ အလုပ်လုပ်နေသူတွေကြားထဲက ကြီးလေးတဲ့ အကျင့်ပျက်ခြစားမှုတွေကို ရှာဖွေတွေ့ရှိသွားစေခဲ့ပါတယ်။ သူတို့အဖွဲ့က သတင်းပေးသမားတွေဆီက အကြံပြုချက်တွေကို သုံးပြီး “၂၁၃ ပစ်‌ခတ်အမှု”လို့ခေါ်တဲ့ အခြားအမှုတစ်ခုကို စစ်ဆေးဖို့အတွက် ရဲတပ်ဖွဲ့တွေ တရားသူကြီးတွေနဲ့အတူ ပူးပေါင်းဆောင်ရွက်ခဲ့ပါတယ်။ သူတို့က ထျန်းလုံလို့ခေါ်တဲ့ အန္တရာယ်များတဲ့ ရာဇ၀တ်မှုတွေကျူးလွန်နေတဲ့ ဂိုဏ်းကြီးကို ဖြိုခွဲပြီး အကျင့်ပျက်အရာရှိတွေကို ဖမ်းဆီးဖို့အတွက် အတူပေါင်းစည်းပြီး ကြိုးစားကြပါတော့တယ်။ အမှုတစ်ခုနဲ့တစ်ခု ဆက်စပ်နေပုံ၊ သဲလွန်စများက ဖော်ညွှန်းသွားသော အမှုအသွားအလာ၊ ဖြောင့်မတ်မှန်ကန်သူတို့၏လုပ်ရပ်များ၊ မိတ်ဆွေသူငယ်ချင်းများကြားက သစ္စာရှိမှု ၊ ဖောက်လွဲမှုတို့ကို တစ်ပြိုင်နက်တည်း ကြည့်ရှုခွင့်ရမှာမို့ မျက်တောင်မခတ်တမ်း စောင့်ကြည့်အားပေးကြပါဦးနော်။ Quality : WEB-DL 1080p , 720p Total Episodes : 36 Format : mp4 Genres : Crime, Drama Runtime : 45 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Htat Nandar Khin Encoded by LK

အပိုင်းများ

36 အပိုင်း၊ season 1 season
ပြထားသည် 12 မှ 36 အပိုင်း

ဇာတ်လမ်းအကြောင်း