ဇာတ်ကားများ ရွေးရန်

Low Life

2025ဇာတ်လမ်းတွဲအမှတ် 8.9/104K

Low Life (2025) အပိုင်းသစ် (1 မှ 11) စ/ဆုံး ဇာတ်ရူပ်ဇာတ်ထုပ် လှည့်ကွက်များနဲ့ အကြမ်းစားအမိုက်စားအက်ရှင်တွေပါဦးမဲ့ နောက်ထပ်ဇာတ်လမ်းတွဲလေးတစ်ခု ထွက်ရှိလို့လာပါပြီ။ Doona ဇာတ်လမ်းတွဲပြီးနောက် ပြန်လည်ရောက်ရှိလာတဲ့ မင်းသား Yang Se-Jongရဲ့ ဇာတ်ကားသစ်လေးဆိုလည်း မမှားပါဘူး.. ဒါ့အပြင် ဝါရင့်နာမည်ကြီးသရုပ်ဆောင်တွေဖြစ်တဲ့ Ryu Seung Ryong, Lim Soo Jung, Kim Eui Sung စတဲ့ သရုပ်ဆောင်များစွာလည်း ပါဝင်ထားတာမို့လို့ ကြမ်းကြမ်းရမ်းရမ်းမှ ကြိုက်ပါတယ်ဆိုသူများကတော့ ဒီဇာတ်လမ်းလေးကို  လက်မလွှတ်သင့်ပါဘူးနော်... ဇာတ်လမ်းအညွှန်း- အိုဟီးဒုံဟာ ငယ်ငယ်လေးကတည်းက ပိုက်ဆံရမည်ဆို အကုန်လုပ်သည့် ဦးလေးဖြစ်သူ အိုဂွမ်ဆော့ရဲ့ လက်အောက်မှာ ကြီးပြင်းလာရသူဖြစ်ပြီး ဒုစရိုက်လောကနဲ့ အသားကျနေခဲ့သူဖြစ်ပါတယ်။ တစ်နေ့မှာတော့ အမြတ်ရမည်ဆိုပါက တရားဝင်ဝင် မဝင်ဝင်ဂရုမစိုက်သည့် ဦးလေးဆီ ကမ်းလှမ်းချက်တစ်ခုရောက်လာပါတော့တယ်။ ဂျော်လာဒိုတောင်ဘက် ရှင်းအန်ကျွန်းစုနိုင်ငံရဲ့ ' ပင်လယ်‌အောက်မှာ နစ်မြုပ်နေတဲ့သင်္ဘောကြီးထဲမှာ ရှေးဟောင်းမင်းဆက်များရဲ့ အဖိုးတန်ရတနာတွေ ပါဝင်နေပြီး အဲဒီရတနာများကို ပြန်ဆယ်ယူကာ အဖတ်ဆယ်ဖို့ဖြစ်ပါတယ်။ သို့ပေမဲ့ ထိုအချီကြီးပွမဲ့ သတင်းထူးဟာ တစ်ဆင့်နားတစ်ဆင့်ကြားကာ တခြားလောဘသားများဆီကိုပါ ပြန့်နှံ့သွားလေသောအခါ... (အညွှန်းကိုတော့ KhinNi မှ ရေးသားထားပါတယ်။) Aired: Jul 16, 2025 - Aug 13, 2025 Aired On: Wednesday Genres:  Mystery, Crime, Drama Episodes: 11 Original Network: Disney+ Translated by Vanessa, Hsu Pyae, Theint, Toe Toe Aung, Phyo & Miri  Encoded by Tiff & Min Wai

အပိုင်းများ

11 အပိုင်း၊ season 1 season

ဇာတ်လမ်းအကြောင်း