The Guardians
The Guardians (2017) ဒီတစ်ခေါက်တင်ဆက်ပေးချင်တဲ့ ကိုရီးယားဇာတ်လမ်းတွဲလေးကတော့ ၂၀၁၇ခုနှစ်ထွက်ရှိခဲ့ပြီးတော့ Sweet Home, Salon De Holmes ထဲကမင်းသမီးမမ Lee Si Youngနဲ့၊ လတ်တလော hit ဖြစ်နေတဲ့ Trigger ကားထဲက မာဖီးယားကိုကို Kim Young-kwang တို့မှ အဓိကပါဝင်သရုပ်ဆောင်ထားပြီးတော့ Shinee အဖွဲ့ဝင် Key,မင်းသမီး Kim Seul-giအပြင် အခြားနာမည်ကြီးသရုပ်ဆောင်တွေပါဝင်ထားကြတဲ့ "The Guardians" ဆိုတဲ့ crime-action thriller ဇာတ်လမ်းလေးပဲဖြစ်ပါတယ်ရှင့် ဇာတ်လမ်းအညွှန်း ကိုယ်တန်ဖိုးထားရတဲ့သူတွေကို အကြမ်းဖက်မှုကြောင့် ဆုံးရှုံးလိုက်ရပြီး အတိတ်ဒဏ်ရာတွေထဲမှာ ပိတ်မိနေပြီး အခုထိနာကျင်နေကြတဲ့ လူတစ်စု.. ဒါပေမဲ့ အဲဒီအကြမ်းဖက်မှုတွေကို ကျူးလွန်တဲ့ ရာဇဝတ်သားတွေဟာ သက်သေမခိုင်လုံမှု,ခြစားမှု, နောက်ခံအင်အားတောင့်တင်းမှု ဥပဒေရဲ့လစ်ဟာမှုကြောင့် သူတို့ဟာ ပြစ်ဒဏ်ခံယူရခြင်း မရှိဘဲနဲ့လွတ်မြောက်သွားကြပါတယ်။ အဲဒါကြောင့်ပဲ သူတို့ဟာ "The Guardians" လို့ခေါ်တဲ့ အဖွဲ့ကို ဖွဲစည်းလိုက်ပြီး ဥပဒေကနေ တရားမျှတမှုကို မပေးနိုင်တဲ့ ရာဇဝတ်မှုတွေကိုဖော်ထုတ်ပြီးတော့ ရာဇဝတ်သားတွေကို ဖမ်းဆီးပါတော့တယ်။ ဂျိုဆူဂျီ (Lee Si-young) ဟာ စုံထောက်တစ်ယောက်ဖြစ်ပြီးတော့ တစ်နေ့ သူမဆီမှာ ဥပဒေနဲ့တရားမျှတမှုဆိုတဲ့ စည်းကိုကျော်ဖို့အတွက် ကိစ္စတစ်ခုဖြစ်လာခဲ့တာပေါ့။ သူမနဲ့အတူ လျှို့ဝှက်ရည်ရွယ်ချက်ရှိတဲ့ အမှုစစ် ဂျန်ဒိုဟန် (Kim Young-kwang), အပြင်လောကကို ရှောင်ကြဉ်နေသော်လည်း နည်းပညာကျွမ်းကျင်မူနဲ့ ဉာဏ်ကောင်းတဲ့ ဆောဘိုမီ (Kim Seul-gi) ပေါ့ပါးသွက်လက်ပြီး စွန့်စားခန်းများကို ချစ်တဲ့ hacker ဂုံဂယောင်းဆူ (Key)တို့ဟာ..မစ်ရှင်များကို အတူတူလုပ်ဆောင်ရင်း သူတို့ရဲ့ အမှုတွေဟာ အပြန်အလှန် ချိတ်ဆက်နေကြောင်း၊နောက်ကွယ်က အာဏာကြီးတစ်ဦးက သူတို့ဘဝကို ကြိုးဆွဲနေကြောင်း သိလာရတဲ့ အခါမှာတော့... သူတို့ဘာဆက်ဖြစ်ကြမလဲ....တကယ်ပဲ တရားမျှတမှုဆိုတာ အမှန်တရားဘက်မှာမရှိဘူးလား ဒီအဖွဲ့အစည်းမှာ ပါဝင်နေကြတဲ့သူတွေမှာရော ဘယ်လိုကိစ္စတွေရှိခဲ့တာလဲဆိုတာကို ဒီဇာတ်လမ်းတွဲလေးကနေ စောင့်မျှော်ကြည့်ရှု့နိုင်ပါတယ်။ Episodes: 16 Aired: May 22, 2017 - Jul 11, 2017 Aired On: Monday, Tuesday Original Network: MBC Genre : Action, Thriller, Mystery, Law Subtitle : Myanmar Subtitle (Hard Sub)
အပိုင်းများ
16 အပိုင်း၊ season 1 seasonဇာတ်လမ်းအကြောင်း