ဇာတ်ကားများ ရွေးရန်

Navillera

2021ဇာတ်လမ်းတွဲအမှတ် 8.8/10

Navillera (2021) အပိုင်း (၁ မှ ၁၂) စ/ဆုံး အခုတစ်ခါမှာတော့ ပရိသတ်တို့ အသည်းစွဲ မင်းသားလေး Song Kang နဲ့ ကေဒရမ်မာ ပရိသတ်တွေနဲ့ ရင်းနှီးပြီးသား သရုပ်ဆောင်ကြီး Park In Hwan တို့ အဓိက ပါဝင် သရုပ်ဆောင်ထားပြီး ၂၀၂၁ တုန်းက ထွက်ရှိခဲ့တဲ့ "Navillera" ဆိုတဲ့ ဇာတ်ကားလေးကို တင်ဆက်ပေးလိုက်ရပါတယ် ။ ဇာတ်လမ်းအညွှန်း အသက် ၇၀ အရွယ်ရှိပြီဖြစ်တဲ့ Shim Deok Chul ( Park In Hwan) ဟာ စာပို့သမား အလုပ်ကနေ အငြိမ်းစားယူပြီးနောက် ကလေးဘဝတုန်းက မိသားစုရဲ့ ကန့်ကွက်မှုကြောင့် လက်လျှော့ခဲ့ရတဲ့ ဘဲလေးက‌ချေသည်အိပ်မက်နောက်ကို လိုက်ဖို့အတွက် ဆုံးဖြတ်ချက်ချလိုက်ပြီးတဲ့နောက် .. ဘဲလေးအကမှာလည်း ပါရမီပါပြီး အရည်အချင်းရှိလှတဲ့ အသက် ၂၃ နှစ်အရွယ် Lee Chae Rok (Song Kang) နဲ့ ဆုံ‌တွေ့ဖို့ ဖြစ်လာခဲ့ပါတယ် ။ Lee Chae Rok ဟာ မိသားစုပြဿနာကြောင့် ငွေရေးကြေးရေးအခက်အခဲတွေနဲ့ ရင်ဆိုင်နေရတဲ့အတွက် မျှော်လင့်ချက်မဲ့ပြီး ဘဲလေးအကကို လက်လျှော့ဖို့အထိ စဉ်းစားနေတဲ့အချိန်မှာ Shim Deok Chul နဲ့ တွေ့ဆုံပြီးနောက် သူ့ရဲ့စိတ်တွေ ပြောင်းလဲသွားပါတော့တယ် .. ဒီကားလေးထဲမှာတော့ အသက်အရွယ်ချင်း ကွာခြားပေမဲ့လည်း ဘဲလေးက‌ချေသည်ဆိုတဲ့ အိပ်မက်နောက်ကို လိုက်နေတဲ့ သူတို့နှစ်ယောက် အပြန်အလှန်ဖေးမကူညီရင်း စိန်ခေါ်မှု အခက်အခဲတွေကို အတူတူ ရင်ဆိုင်ကျော်ဖြတ်ကြတဲ့ပုံစံကို ပုံဖော်ရိုက်ကူးထားတာဖြစ်ပြီး  .. အသက်အရွယ် အပိုင်း အခြားမရွေး ကိုယ်ဖြစ်ချင်တဲ့အိပ်မက်နောက်ကိုလိုက်ဖို့ နောက်မကျသေးဘူးဆိုတဲ့ message လေးကိုပါ ပေးရင်း ဘဝအတွက် စိတ်ဓါတ်ခွန်အားဖြစ်စေမဲ့ ဇာတ်ကားလေးဖြစ်တာမို့လို့ လက်မလွှတ်တမ်း ကြည့်ရှုသင့်ကြောင်း ညွှန်းဆိုချင်ပါတယ် .. ။ Episodes: 12 Aired: Mar 22, 2021 - Apr 27, 2021 Aired On: Monday, Tuesday Original Network: tvN Genres: Life, Drama

အပိုင်းများ

12 အပိုင်း၊ season 1 season

ဇာတ်လမ်းအကြောင်း