ဇာတ်ကားများ ရွေးရန်

Apollo's Song

2025ဇာတ်လမ်းတွဲအမှတ် 8.0/10

Apollo's Song (2025) အပိုင်း (1 မှ 7) စ/ဆုံး ငယ်ဘဝက စိတ်ဒဏ်ရာတွေကြောင့်နဲ့ အချစ်မခံရတဲ့ ရှိုဂိုဆိုတဲ့ ကောင်လေးမှာ ခင်တွယ်ရတဲ့သူဆိုလို့ ငယ်သူငယ်ချင်းဖြစ်သူ ဟီရိုမိပဲ ရှိပါတယ်။ ရှိုဂိုကြောင့် ဟီရိုမိဟာ မတော်တဆဖြစ်ကာ သေဆုံးသွားရတဲ့အချိန်မှာတော့ ....... ရှိုဂိုဟာ ဟီရိုမိအပေါ်မှာထားတဲ့ ခံစားချက်တွေကို ဟီရိုမိသေဆုံးပြီးမှ သိခဲ့ရတဲ့အခါ နတ်ဘုရားမက ရှိုဂိုကို ကျိန်စာတိုက်လိုက်ပါတော့တယ်။ အဲဒီကျိန်စာကတော့ ရှိုဂိုအချစ်ကို ရှာဖွေတဲ့အချိန်တိုင်း တစ်ခါတလေမှာ ရှိုဂိုသေဆုံးရတယ်... တစ်ခါတလေမှာ ရှိုဂိုချစ်တဲ့သူ သေဆုံးရတယ်... တစ်ခါတလေမှာ နှစ်ယောက်လုံးသေရတဲ့အဖြစ်ကို ခံစားရတဲ့ကျိန်စာပါပဲ... နတ်ဘုရားမတိုက်လိုက်တဲ့ ကျိန်စာနဲ့ ရှိုဂိုတစ်ယောက် သူ့ရဲ့ အချစ်ကို ဘယ်လို ရှာဖွေသွားမလဲ... ဆိုတာကို ဆက်လက်ကြည့်ရှုရမဲ့ စိတ်ကူးယဉ် ဒရာမာ အချစ်ဇာတ်လမ်းလေးဖြစ်ပါတယ်။ Aired: Feb 19, 2025 - Apr 2, 2025 Aired On: Wednesday Genres: Psychological, Romance, Drama, Fantasy Episodes: 7 Original Network: MBS

အပိုင်းများ

7 အပိုင်း၊ season 1 season

ဇာတ်လမ်းအကြောင်း