ဇာတ်ကားများ ရွေးရန်

When Destiny Brings The Demon

2025ဇာတ်လမ်းတွဲ4K

"ကောင်းကင်ဘုံက ငါ့ကိုသေစေချင်တယ် ဒါပေမဲ့ ငါ့အသက်ကိုမပေးချင်ဘူး။ တစ်လောကလုံးမှာ မင်းတစ်ယောက်ကိုပဲ ချစ်တာမလို့ မင်းကိုပဲပေးခဲ့မှာ" ဒီတစ်ခါမှာတော့ CGI လှလှနဲ့ ကြည့်ရှုရမယ့် When Destiny Brings the Demon ဆိုတဲ့ ရှန်းရှကားကို တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ ဒီရှန်းရှကားရဲ့ ထူးခြားချက်ကတော့ သုံးလောကငြိမ်းချမ်းရေးအတွက် စတေးကြမယ့်ဇာတ်လမ်းမျိုးမဟုတ်ဘဲ ချစ်သူမျက်နှာတစ်ကမ္ဘာ သုံးလောကပတ်မွှေမယ့် ဇာတ်လမ်းမျိုးပါ။ အဓိကသရုပ်ဆောင်တွေအဖြစ် Lighter and Princess ထဲက လီရွှင်ဖြစ်တဲ့ မင်းသား Chen Feiyu နဲ့ I am Nobody ထဲက ဖုန့်ပေါင်ပေါင်ဖြစ်တဲ့ မင်းသမီး Wang Yinglu တို့ ပါဝင်ထားပါတယ်။ ဇာတ်လမ်းအကျဉ်း - စစ်မာကျောင်းဟာ ကန်းချန်းရှန်းဖူကို တည်ထောင်ခဲ့တဲ့ ဘိုးဘေးကြီးတစ်ယောက်ပါ။ စစ်မာမျိုးနွယ်ရဲ့ ထူးခြားတဲ့အစွမ်း‌တွေဖြစ်တဲ့ ဝိညာဉ်မီးတောက်နဲ့ သွေးခဲပန်းတွေက ကျင့်ကြံရေးအတွက် အရမ်းအသုံးဝင်တာကြောင့် အားလုံးကအရယူချင်ကြတယ်။ စစ်မာကျောင်းဟာ အလွန်စွမ်းအားကြီးလွန်းတာကြောင့် သူ့ကို သူတော်စင်သုံးဦးတောင်မှာ နှစ် ၅၀၀ ကျော် ပိတ်လှောင်ထားခဲ့ကြတယ်။ ဖုန်းရှန်းမီးတောက်ရဲ့အရှိန်ကြောင့် စစ်မာကျောင်းဟာ နေ့နေ့ညည အပူဓာတ်ကိုခံစားနေရပြီး စိတ်ဖောက်လာတာနဲ့ လူသတ်တော့တာပါပဲ။ တစ်လောကလုံးကလူတွေက သူ့အတွက် ရန်သူတွေပဲလို့သတ်မှတ်ထားပြီး တောင်ပေါ်ကထွက်လာနိုင်တာနဲ့ အကုန်လိုက်သတ်ဖို့ တေးထားသူပါ။ ကျိုးယန့်ဆိုတဲ့ ကောင်မလေးက ဒီနေ့ခေတ်ရဲ့ သာမန်ဝန်ထမ်းလေးတစ်ယောက်ပါ။ တစ်နေ့မှာတော့ သူဟာ မတော်တဆ ကျင့်ကြံရေးလာကထဲ ကူးပြောင်းသွားပြီး လျောင်ထင်ယန့်ဆိုတဲ့ ကောင်မလေးဖြစ်လာခဲ့တယ်။ သူက ကျင့်ကြံရေးလောကနဲ့ပတ်သက်လို့ ဘာမှစိတ်မဝင်စားဘဲ စားစရာ အိပ်စရာရှိရင်ရပြီလို့ သဘောထားတဲ့ ငါးဆားနယ်တစ်ယောက်ပါ။ တစ်နေ့မှာတော့ ရှစ်ကျူစစ်မာကျောင်းကို ခစားဖို့ အမျိုးသမီးတပည့် အယောက် ၁၀၀ ရွေးချယ်ရာမှာ လျောင်ထင်ယန့်လည်း အရွေးခံလိုက်ရပါတယ်။ လျောင်ထင်ယန့်ကလွဲလို့ ကျန်တဲ့ ၉၉ ယောက်က စစ်မာကျောင်းကိုသတ်ဖို့ အကြံကိုယ်စီနဲ့ပါ။ လျောင်ထင်ယန့်ရဲ့ ဘာမှစိတ်မဝင်စားဘဲ စားလိုက်အိပ်လိုက် ပေါက်ကရအတွေးတွေ အပြုအမူတွေက စစ်မာကျောင်းရဲ့အာရုံကို ဖမ်းစားနိုင်ခဲ့တယ်။ အချစ်ဆိုတာနားမလည် အားလုံးကိုရန်သူပဲထင်တဲ့ စစ်မာကျောင်းက လျောင်ထင်ယန့်အပေါ် တဖြည်းဖြည်း ဘယ်လိုမျိုးချစ်သွားမလဲ၊ လျောင်ထင်ယန့်ကရော စစ်မာကျောင်းရဲ့ ကလဲ့စားချေမယ့်ခရီးမှာ ဘယ်လိုကြားညှပ်သွားမလဲ၊ လောကချင်းမတူတဲ့ သူတို့နှစ်ယောက် အဆုံးသတ်မှာ ပေါင်းဖက်သွားနိုင်မလားဆိုတာကို ဇာတ်ကားလေးထဲမှာ အချို အငို အခွီပေါင်းစုံနဲ့ ကြည့်ရှုလိုက်ကြပါနော်။ Quality : WEB-DL 4K HEVC , 1080p , 720p Total Episodes : 33 Format : mp4 Genres : Xianxia, Romance Runtime : 45 min Subtitle : Myanmar Subtitle ( Hardsub )

အပိုင်းများ

33 အပိုင်း၊ season 1 season
ပြထားသည် 12 မှ 33 အပိုင်း

ဇာတ်လမ်းအကြောင်း