ဇာတ်ကားများ ရွေးရန်

Ameku Takao's Detective Karte

2025ဇာတ်လမ်းတွဲအမှတ် 7.0/10

Ameku Takao's Detective Karte (2025) အပိုင်း ၁မှ၉ စ/ဆုံး ဒီတစ်ခါတင်ဆက်ပေးချင်တဲ့စီးရီးလေးကတော့ Drama Mystery Medical အမျိုးအစားဖြစ်တဲ့ ဆေးဆက်ဆိုင်ရာစုံထောက်ကားလေးပဲ ဖြစ်ပါတယ်။ အပိုင်း ၉ ပိုင်းပါဝင်ပြီး တစ်ပိုင်းချင်းစီမှာ ရောဂါရှာဖွေခြင်းကို ဆေးပညာနှင့် ရာဇဝတ်မှုခင်းတို့ ပေါင်းစပ်ပြီး စုံထောက်ဇာတ်လမ်းပုံစံနဲ့ စိတ်ဝင်စားစရာကောင်းအောင် ဖန်တီးတင်ဆက်ပေးထားပါတယ်။ ဇာတ်လမ်းအကျဉ်း ဒေါက်တာအာမဲခုတာကအိုဟာ တဲနိခါအိ အထွေထွေဆေးရုံက ဒုဒါရိုက်တာတစ်ဦးဖြစ်တဲ့အပြင် ပေါင်းစပ်ရောဂါရှာဖွေရေးဌာနရဲ့ ခေါင်းဆောင်လည်း ဖြစ်ပါတယ်။ တာကအိုဟာ ဆေးရုံကို ရောက်လာတဲ့ လူနာများရဲ့ ရှုပ်ထွေးလွန်းလှတဲ့ ရောဂါတွေကို ရှာဖွေဖော်ထုတ်ကုသပေးနိုင်တဲ့သူဖြစ်တဲ့အပြင် ရဲနဲ့စုံထောက်များပါ မဖြေရှင်းနိုင်ကြတဲ့ ဆေးဘက်ဆိုင်ရာအမှုအခင်းပြဿနာများကိုပါ ကူညီစုံစမ်းဖော်ထုတ်ပေးနိုင်သူအဖြစ် နာမည်ကြီးနေသူလည်းဖြစ်ပါတယ်။ တာကအိုဟာ ထူးခြားသည့် ဉာဏ်ရည်နှင့် မှတ်ဉာဏ်ရှိသော ပါရမီရှင်ဆရာဝန်ဖြစ်ပေမယ့် လူတွေနဲ့ပေါင်းသင်းဆက်ဆံရေး ညံ့ဖျင်းလွန်းသူဖြစ်နေတော့ သူ့ဌာနမှာ တစ်ယောက်တည်းဖြစ်နေပါတယ်။ တစ်နေ့ သူ့ဌာနကို ဂျန်ဆဲအိခါအိတက္ကသိုလ်ဆေးရုံက ခွဲစိတ်ပါရဂူဒေါက်တာ တာခါနာရှိ ယု ပြောင်းလာခဲ့ပါတယ်။ တာခါနာရှိဟာ အထက်လူကြီးဖြစ်တဲ့ တာကအိုနဲ့ အဆင်ပြေအောင် ကြိုးစားနေထိုင်ရင်း ရောဂါရှာဖွေရေးဌာနမှာ မြဲသွားပါတော့တယ်။ တာကအိုဟာ ထူးခြားဆန်းကြယ်တဲ့ ဆေးဘက်ဆိုင်ရာအမှုတွေကိုပဲ စိတ်ဝင်စားတတ်သူဖြစ်တဲ့အလျောက် တာနာခါရှိကို အဲဒီလို အမှုအခင်းမျိုးရလာအောင် အမျိုးစုံ လုပ်ခိုင်းနေခဲ့ပါတယ်။ ဒီလိုနဲ့ တာနာခါရှိဟာ လူနာတွေရဲ့ ရောဂါရှာဖွေသုံးသပ်မှုတွေအပြင် တာကအိုရဲ့ စုံထောက်လို ဆေးပညာဆိုင်ရာအမှုတွေကို စုံစမ်းဖော်ထုတ်တဲ့အလုပ်တွေကိုပါ ကူညီဆောင်ရွက်ပေးလာရပါတော့တယ်။ ဒေါက်တာတာကအိုနဲ့ ဒေါက်တာတာနာခါရှိတို့ ဆေးပညာဆိုင်ရာ လျှို့ဝှက်ဆန်းကြယ်တဲ့ အမှုတွေကို ဘယ်လိုတွေ စုံစမ်းထောက်လှမ်းရင်း အဖြေရှာ ဖြေရှင်းပေးသွားမလဲဆိုတာကို ရှုစားလိုက်ကြရအောင်ပါ။ Episodes: 9 Aired: Apr 22, 2025 - Jun 24, 2025 Aired On: Tuesday Original Network: TV Asahi Duration: 45 min Genre - Mystery, Medical Subtitle - Myanmar Subtitle (Hard Sub)

အပိုင်းများ

9 အပိုင်း၊ season 1 season

ဇာတ်လမ်းအကြောင်း