Otonari Complex
Otonari Complex (2025) အပိုင်း (၁ မှ ၈) စ/ဆုံး ဒီတစ်ခါ တင်ဆက်ပေးမှာကတော့ Nonomura Saku ရေးသားထားတဲ့ "Otonari Complex" ဆိုတဲ့ မန်ဂါစီးရီးကို ပြန်လည်ရိုက်ကူးထားတဲ့ စီးရီးလေးပဲဖြစ်ပါတယ်။ မိန်းကလေးမျက်နှာလေးလို ချစ်စရာကောင်းတဲ့မျက်နှာလေးနဲ့ မွေးဖွားလာတဲ့ မာကိုတိုနဲ့ လွတ်လွတ်လပ်လပ် ကျားကျားယားယားပဲနေတတ်တဲ့ အာကိရာတို့ဟာ ငယ်ငယ်လေးကတည်းက အိမ်နီးချင်း ငယ်သူငယ်ချင်းတွေဖြစ်ခဲ့ပါတယ်။ မာကိုတို့အမေဟာ မိတ်ကပ်ပညာရှင်တစ်ယောက်ဖြစ်ပြီး မာကိုတို့ကိုလည်း မိန်းကလေးလို ပြင်ဆင်ပေးတတ်ပါသေးတယ်။ သူတို့ဟာ သွားအတူ လာအတူ အမြဲမခွဲရှိနေတတ်ကြပါတယ်၊ ဒီလိုနဲ့ အသက်တွေ ကြီးပြီး တက္ကသိုလ်တက်ရတဲ့အရွယ်ကိုရောက်လာကြတဲ့အချိန်မှာတော့ မာကိုတိုဟာ အာကိရာအပေါ်မှာ ခံစားချက်တွေ ပြောင်းလဲလို့လာခဲ့ပါတော့တယ်။ ဒီလိုနဲ့ပဲ မိန်းကလေးလို ချစ်စရာကောင်းတဲ့ကောင်လေး မာကိုတိုနဲ့ ကျားကျားယားယား မိန်းမသား အာကိရာတို့ရဲ့ ငယ်ကအချစ်တွေ ဘယ်လိုပုံစံမျိုးနဲ့ ပြောင်းလဲသွားမလဲ ဆိုတာကို ကြည့်ရှုရမဲ့ ဟာသ ရိုမန့်ဒရာမာ စီးရီးလေးဖြစ်ပါတယ်။ Episodes: 8 Aired: Feb 21, 2025 - Mar 14, 2025 Aired On: Friday Original Network: FOD, Fuji TV Genres: Comedy, Romance, Drama
အပိုင်းများ
8 အပိုင်း၊ season 1 seasonဇာတ်လမ်းအကြောင်း