ဇာတ်ကားများ ရွေးရန်

Twelve Letters

2025ဇာတ်လမ်းတွဲအမှတ် 9.0/10

ပရိတ်သတ်များအားလုံးမင်္ဂလာပါရှင့်။ ဒီနေ့ တင်ဆက် သွားပေးမယ့် ဇာတ်ကားလေးကတော့ Twelve Letters ဆိုတဲ့ဇာတ်ကား လေးပဲဖြစ်ပါတယ်။ ဒီဇာတ်ကားလေးထဲမှာ အဓိကဇာတ်ဆောင် အနေနဲ့ when I fly towards you ဆိုတဲ့ ကျောင်းသားဇာတ်လမ်းလေးနဲ့အရမ်းအောင်မြင်ပြီးတော့ ရန့်ရန့်ဆိုတဲ့နာမည်လေးနဲ့ အမြဲတွဲမှတ်မိစေတဲ့ မင်းသားချောလေး ကျိုးယိရန်နဲ့ I am nobody ကားထဲက မင်းသမီးချောလေး ဝမ်ယင်လုတို့က တွဲဖက်သရုပ်ဆောင်ထားပြီး အပိုင်း (၁၂)ပိုင်းပါဝင်တဲ့ ဇာတ်လမ်းတွဲလေးဖြစ်ပါတယ်။ သာမန်ဇာတ်လမ်းပုံစံမျိုးမဟုတ်ဘဲ မှော်ဆန်တဲ့ မေးလ်ဘောက်ရယ်၊ စာသင်ခန်းဟောင်းထဲကသင်ပုန်းတစ်ချပ်နဲ့ ခန့်မှန်းလို့မရတဲ့ရာသီဥတု အခြေအနေ အဲဒါတွေနဲ့မတူညီတဲ့ အချိန်၂ခုနဲ့ နေရာ၂ခုကို ဆက်သွယ်ဖို့အတွက် စိတ်ကူးယဉ် ယန္တရားတစ်ခုကို ဖန်တီးပြီး လျို့ဝှက်ချက်တွေ၊ ချစ်ခြင်းမေတ္တာတွေနဲ့ စိတ်ကူးယဉ်မှုတွေပေါင်းစပ်ပါဝင်တဲ့ ဇာတ်လမ်းကောင်းလေး တစ်ပုဒ် ဖြစ်ပါတယ်။ ဒီဇာတ်လမ်းလေးထဲမှာ ကျေးရွာလေးကလူငယ်တစ်ဦးရဲ့ ကံကြမ္မာနဲ့ အချစ်ဇာတ်လမ်းကို အခြေခံထားပြီး စိတ်ကူးယဉ်ပုံစံ ဖန်တီးထားတဲ့အပြင် သဲထိပ်ရင်ဖိုပြီးစိတ်လှုပ်ရှားစရာ အတွေ့အကြုံကို ပေးစွမ်းထားပါတယ်။ ချစ်ရသူတစ်ဦး မသိမသာ ပျောက်ဆုံးသွားခြင်းနှင့် အတူ ထူးဆန်းတဲ့ အချိန်ကာလဆက်သွယ်မှုက အဓိကဇာတ်ကောင်အတွက် ရှုပ်ထွေးတဲ့ ပဟေဠိတစ်ခု ဖြစ်ပေါ်စေခဲ့ပါတယ်။ လျှို့ဝှက်ချက်တွေနဲ့ တိမ်မည်းအရိပ်မည်းတွေ ဖုံးလွှမ်းနေတဲ့အခြေအနေကနေ သဲလွန်စတွေအားလုံးကို စုစည်းပြီး အမှန်တရားကိုဘယ်လိုများ ရှာဖွေဖော်ထုတ်သွားမလဲဆိုတ ဆက်လက်ပြီး စောင့်မျှော်ကြည့်ရှုကြပါဦးရှင့်။ Quality : WEB-DL 1080p, 720p  Total Episodes : 12 Format : mp4 Genres : Romance, Drama Runtime : 45 min Subtitle : Myanmar Subtitle ( Hardsub )

အပိုင်းများ

12 အပိုင်း၊ season 1 season

ဇာတ်လမ်းအကြောင်း