ဇာတ်ကားများ ရွေးရန်

Black Pearl

2017ဇာတ်လမ်းတွဲအမှတ် 7.4/10

Black Pearl (2017) စ/ဆုံး တူရကီဇာတ်လမ်းတွဲကောင်းကောင်းလေးတွေကို စောင့်မျှော်နေကြတဲ့ ပရိသတ်ကြီးတို့အတွက် ယခုတစ်ခေါက်မှာတော့ soap opera နဲ့ drama အမျိုးအစား ဇာတ်လမ်းတွဲကောင်းကောင်းလေးဖြစ်တဲ့ Black Pearl (2017) ကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်... သရုပ်ဆောင်တွေအနေနဲ့ မင်းသမီး Hande Ercel, မင်းသား Tolgahan Sayisman, မင်းသား Berk Hakman တို့နဲ့အတူ အခြားသော သရုပ်ဆောင်ပေါင်းများစွာ ပါဝင်ထားပါတယ်... ဇာတ်လမ်းအညွှန်း ငယ်ရွယ်လှပတဲ့ ဟာဇယ်(Hande Ercel)ဆိုတဲ့မိန်းမငယ်လေးဟာ သူမရဲ့ချစ်သူဖြစ်တဲ့ ရုပ်ချောချောတံငါသည်လေး ခယ်နမ် (Tolgahan Sayisman) နဲ့ လက်ထပ်ဖို့ပြင်ဆင်နေခဲ့ပါတယ်... အဲဒီအချိန်မှာပဲ အောင်မြင်တဲ့စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်တဲ့ ဗူရယ်(Berk Hakman)ဟာ သူရဲ့ သေဆုံးသွားပြီဖြစ်တဲ့ အမျိုးသမီး နက်ဇ်နဲ့ လွန်စွာမှ ရုပ်ချင်းဆင်တူလှတဲ့ ဟာဇယ်ကို သူ့မွေးနေ့ပါတီမှာ စားပွဲထိုးအဖြစ်လုပ်ကိုင်နေတာမြင်ပြီး ဟာဇယ်ရဲ့ မင်္ဂလာပွဲမတိုင်ခင် ရက်အပိုင်းအလိုမှာမှ ခြိမ်းခြောက်ဖျက်သိမ်းခိုင်းခဲ့ပါတယ်...အဲဒီနောက် သူ့ကို အတင်းအကြပ်လက်ထပ်ခိုင်းရာမှာတော့ ဟာဇယ်နဲ့ ဗူရယ်အကြား ဘယ်လိုပဋိပက္ခတွေဖြစ်သွားမလဲ...တစ်ဖက်မှာလည်း ခယ်နမ်ဟာ သူ့ကို ပိုက်ဆံကြောင့်နဲ့ ဟာဇယ် ထားသွားတယ်လို့ ထင်သွားတဲ့အခါ တစ်ဦးကို တစ်ဦး သိပ်ချစ်ကြတဲ့ ချစ်သူနှစ်ဦးကရော ပြန်အဆင်ပြေနိုင်ပါ့မလား မထင်မှတ်ထားတဲ့ မိသားစုရေးရာလှည့်ကွက်တွေကို ဟာဇယ်တစ်ယောက် ရင်ဆိုင်နိုင်ပါ့မလားဆိုတာကို စိတ်ဝင်စားဖွယ်ရိုက်ပြထားတာမို့လို့ စောင့်မျှော်ကြည့်ရှုပေးကြပါဦးနော်... Drama: Black Pearl Genres: Drama Country: Turkish Episodes: 40 Duration: 60 min.

အပိုင်းများ

40 အပိုင်း၊ season 1 season
ပြထားသည် 12 မှ 40 အပိုင်း

ဇာတ်လမ်းအကြောင်း