ဇာတ်ကားများ ရွေးရန်

Queen Mantis

2025ဇာတ်လမ်းတွဲအမှတ် 8.5/10

Queen Mantis (2025) အပိုင်း 1 မှ 8 စ/ဆုံး ဇာတ်လမ်းအညွှန်း ဂျောင်အီရှင်း(Go Hyun-jung)ဟာ Mantis(ဓါးခုတ်ကောင်)ဆိုတဲ့ နာမည်ပြောင်ကို အသုံးပြုပြီးကွင်းဆက်လူသတ်မှုတွေကို ကျူးလွန်ခဲ့တဲ့သူတစ်ယောက်ဖြစ်ပါတယ်။ သူမဟာ လွန်ခဲ့တဲ့နှစ် ၂၀ ခန့်က လူ၅ယောက်ကို ရက်ရက်စက်စက် သတ်ဖြတ်ခဲ့သူဖြစ်ပြီး လက်ရှိအချိန်မှာလည်း ထောင်ထဲမှာ သေဒဏ်ကျခံထားရသူ ဖြစ်ပါတယ်။ သူမရဲ့ သားဖြစ်သူကတော့ ရဲအရာရှိတစ်ယောက်ဖြစ်တဲ့ ချာဆူယော(Jang Dong Yoon)ဖြစ်ပြီး ဆူယောဟာ သူရဲ့မိခင်ဖြစ်သူကို သူ့ဘဝတလျှောက်လုံး စက်ဆုပ်မုန်းတီးလာခဲ့တဲ့သူ ဖြစ်ပါတယ်။ တစ်နေ့မှာတော့ လူသတ်မှုတစ်ခု ဖြစ်ပွားခဲ့ပြီး . . အဲဒီလူသတ်မှုကို စစ်ဆေးကြည့်တဲ့အခါ တရားခံက လွန်ခဲ့တဲ့ နှစ် ၂၀က Mantis ကျူးလွန်ခဲ့တဲ့ပုံစံမျိုး အတုခိုးထားတာကို တွေ့လိုက်ရပါတယ်။ ဒီအချက်ကြောင့်ပဲ လူသတ်တရားခံကို ဖမ်းနိုင်ဖို့အတွက် ဆူယောဟာ သူမုန်းတီးနေတဲ့ မိခင်ဖြစ်သူ ဂျောင်အီရှင်းရဲ့ အကူအညီကိုယူဖို့ ဖြစ်လာပါတော့တယ်။ ဂျောင်အီရှင်းက အဲဒီလူသတ်မှုနဲ့ ဘယ်လိုတွေများ ပတ်သက်နေမလဲ . .။ ဆူယောကရော မိခင်ဖြစ်သူရဲ့ အကူအညီနဲ့ လူသတ်တရားခံကို နောက်ဆုံးမှာ ဖော်ထုတ်နိုင်မှာလား . . ဆိုတာကို ပဟေဠိဆန်ဆန် လျှို့ဝှက်သည်းဖို ကြည့်ရှုရမဲ့ မှုခင်းဇာတ်လမ်းကောင်းလေးဖြစ်တာမို့ အပတ်စဉ် သောကြာနေ့နဲ့ စနေနေ့တိုင်း စောင့်မျှော် ကြည့်ရှုလိုက်ပါဦးနော်။ Episode -8 Aired - Sep 5, 2025 - Sep 27, 2025 Aired On - Friday, Saturday Original Network - SBS Genre - Crime, Drama, Mystery Subtitle - Myanmar Subtitle (Hard Sub)

အပိုင်းများ

8 အပိုင်း၊ season 1 season

ဇာတ်လမ်းအကြောင်း