ဇာတ်ကားများ ရွေးရန်

Outlander: Blood of My Blood

2025ဇာတ်လမ်းတွဲအမှတ် 8.8/10

Outlander: Blood of My Blood (2025 - 2026) Season (1) Complete Season (2) Ongoing Outlander နောက်ဆုံး season မလာခင်မှာ Outlander ရဲ့ prequel ထွက်လာပါပြီ။ Prequel ဆိုတော့ ဂျေမီနဲ့ ကလဲရ်တို့ရဲ့ မိဘတွေခေတ်ပေါ့။ ကလဲရ်နဲ့ ဂျေမီတွေ့ဆုံမှုက သူတို့မိဘတွေလက်ထက်ထဲက စတင်ခဲ့တာဖြစ်နေမလား။ ကံကြမ္မာလို့ပဲပြောရမလား။ Outlander S1 မှာသိထားသလောက် ကလဲရ်မိဘတွေက သူငယ်ငယ်ထဲက ကားအက်ဆီးဒန့်ဖြစ်ပြီးဆုံးသွားလို့ သူက သူ့ဦးလေးရဲ့စောင့်ရှောက်မှုအောက်မှာကြီးပြင်းလာခဲ့သူပါ။ ကလဲရ်မိဘတွေက အက်ဆီးဒန့်ဖြစ်ခဲ့တာ စကော့တလန်မှာပါ။ အဲ့တော့ သူတို့တကယ်သေသွားခဲ့တာမဟုတ်ရင်ရော။ ကလဲရ်လိုပဲ အချိန်ခရီးသွားခဲ့တာဆိုရင်ရော။ တစ်ဖက်မှာလဲဂျေမီ့မိဘတွေအကြောင်းကလဲ စိတ်ဝင်စားစရာပါပဲ။ ဂျေမီ့အမေအယ်လန်က မက်ကန်းဇီးမျိုးနွယ်ရဲ့သမီးကြီး။ ထက်မြက်လွန်း အဖေကချစ်ခင်လွန်းပေမယ့် မိန်းကလေးဖြစ်နေတာကြောင့် ဘယ်လိုမှမျိုးနွယ်စုခေါင်းဆောင်မဖြစ်နိုင်သူ။ ဂျေမီ့အဖေ ဘရိုင်ရန်ကတော့ မက်ကန်းဇီးတွေနဲ့ လုံးဝမတည့်တဲ့ ဖရေဇာမျိုးနွယ်က သခင်လက်ဗက်ရဲ့မျိုးမစစ်သား။ သူတို့အချစ်ရေးကလဲ ချောမွေ့မှာတော့မဟုတ်ပါဘူး။ ဒီ prequel မှာတော့အဖြေတွေအများကြီးရမယ်ထင်ပါတယ်။ ကလဲရ်နဲ့ ဂျေမီတို့မိဘတွေ တွေ့ခဲ့ကြလား။ ဂျေမီ့မိဘတွေကတော့ ဆုံးပါးသွားကြပြီ။ ကလဲရ်မိဘတွေကရော တကယ်ပဲ အတိတ်ကိုခရီးသွားခဲ့လား။ အတိတ်မှာပဲနေထိုင်နေဆဲလား။ သူတို့သမီးဖြစ်တဲ့ကလဲရ်ဆီ ပြန်ရောက်ဖို့ရော ကြိုးစားခဲ့ကြလား။ Outlander S1 မှာသိထားသလောက် ကလဲရ်အပြင် ကလဲရ်သူငယ်ချင်းဂေးလစ်ကလဲ အချိန်ခရီးသွားသူပါပဲ။ အနာဂတ်ကလူတွေပဲ အတိတ်ကိုသွားနိုင်တာလား။ အတိတ်ကလူတွေကရော အနာဂတ်ကိုအချိန်ကိုသွားနိုင်မလား။ တခြားဘယ်သူတွေကရော အချိန်ခရီးသွားနိုင်ပြီး အတိတ်ရဲ့ဘယ်ခုနှစ်တွေမှာ ရောယှက်နေထိုင်နေကြမလဲဆိုတာ စိတ်ဝင်စားစရာပါပဲ။ File size…(1.7 GB)/(891 MB) Quality….Webrip 1080p / 720p Format… mkv / mp4 Duration….00:52:00 Genre...Drama Subtitle….Myanmar Subtitle (Hardsub)

အပိုင်းများ

15 အပိုင်း၊ season 2 season

ဇာတ်လမ်းအကြောင်း