Gold Panning
ဒီတစ်ခါမှာတော့ When Destiny Brings the Demon မှာ စစ်မာကျောင်းဇာတ်ကောင်နဲ့ ပရိသတ်တွေရဲ့ အချစ်တွေကို သိမ်းပိုက်သွားတဲ့ ချန်ဖေးယွီရဲ့ ဇာတ်ကားလေးတစ်ကားကို တင်ဆက်ပေးသွားပါမယ်။ ဒီကားလေးကတော့ ၂၀၂၂ က ထွက်ရှိခဲ့တာဖြစ်ပြီးတော့ ယူနန်ဘက်က ရွှေတွင်းတွေမှာ သွားရောက်ရိုက်ကူးထားတာဖြစ်ပါတယ်။ ဒီဇာတ်လမ်းထဲမှာတော့ ချန်ဖေးယွီကို ရွှေတူးသမားလေး ချန်ပေါင်ကျင်းအဖြစ် တွေ့ရမှာပါ။ ဇာတ်လမ်းအကျဉ်းကတော့ - ၁၉၈၆ ခုနှစ်မှာ ချန်ပေါင်ကျင်းလို့ခေါ်တဲ့ အသက် ၂၀ အရွယ် ကောင်လေးတစ်ယောက်က ရွှေတူးဖော်တဲ့နေရာကို ရောက်လာခဲ့တယ်။ အကြောင်းရင်းကတော့ သူ့အစ်ကိုက ရွှေတွင်းမှာအလုပ်လုပ်ရင်း အိမ်ပြန်မလာတော့သလို ပျောက်ဆုံးသွားတာဖြစ်တဲ့အတွက် လာရှာတာပါ။ အစ်ကိုဖြစ်သူရဲ့ မသင်္ကာစရာ ပျောက်ဆုံးသွားမှုကို လိုက်စုံစမ်းရင်းနဲ့ ချန်ပေါင်ကျင်းလေးဟာ သေရေးရှင်ရေးအခြေအနေတွေနဲ့ ကြုံကြိုက်လာရတယ်။ ရွှေတွင်းလုပ်ငန်းနယ်မြေထဲက ဂိုဏ်းအဖွဲ့တွေကြားက အားပြိုင်မှုတွေကြားမှာ သူဟာ ကြားညှပ်သွားခဲ့ရပါတယ်။ တစ်ချိန်တည်းမှာပဲ ထူးဆန်းတဲ့ဖြစ်ရပ်တွေ တစ်ခုပြီးတစ်ခုဖြစ်လာသလို သူ့အစ်ကို ပျောက်ဆုံးသွားရတဲ့ သဲလွန်စတွေကို တွေ့လာခဲ့ရတယ်။ အဲဒီသဲလွန်စတွေနောက်ကိုလိုက်ရင်း ချန်ပေါင်ကျင်းက ဘယ်လိုအခက်အခဲတွေ ဒုက္ခတွေကို ကျော်ဖြတ်ရမလဲ၊ သူ့အစ်ကို ပျောက်ဆုံးသွားရတဲ့ အမှန်တရားကို ရှာတွေ့သွားမလားဆိုတာကိုတော့ ဟောဒီ Gold Panning ဇာတ်ကားလေးထဲမှာ ပရိသတ်ကြီးတို့ကိုယ်တိုင် အဖြေရှာလိုက်ပါနော်။ Quality : WEB-DL 1080p, 720p Total Episodes : 12 Format : mp4 Genres : Drama Runtime : 45 min Subtitle : Myanmar Subtitle ( Hardsub )
အပိုင်းများ
12 အပိုင်း၊ season 1 seasonဇာတ်လမ်းအကြောင်း