The Journey of Legend
Mysterious Lotus Casebook,Love an Redemption,Immortal Samsara စတဲ့ ဇာတ်လမ်းတွဲတွေနဲ့ နာမည်ကျော်ခဲ့တဲ့ ကိုကိုCheng Yi ရဲ့ Wuxiaအသစ်စက်စက်သိုင်းကားလေးကို တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ Xiao Ming Ming (Cheng Yi) ဟာ လူငယ်ဘဝမှာ သိုင်းဝတ္ထုတွေကိုစွဲလမ်းနှစ်သက်တဲ့ စိတ်အားထက်သန်ပြီး တရားမျှတမှုကိုလိုလားတဲ့ ကောင်လေးတစ်ယောက်ဖြစ်ခဲ့ပါတယ်။ လုပ်ငန်းခွင်ဝင်လာတဲ့အခါမှာတော့ လူမှုပတ်ဝန်းကျင်ရဲ့လက်တွေ့ဆန်တဲ့ဘဝမှာ ဖိအားတွေကြောင့် စိတ်အားထက်သန်မှုတွေနည်းပါးလာပြီးတော့ သာမန်လူငယ်လေးအဖြစ်ပြောင်းလဲသွားခဲ့တယ်။ သူ့ရဲ့သူရဲကောင်းဆန်တဲ့စိတ်ကို အွန်လိုင်းပေါ်မှာပဲ သိုင်းဝတ္ထုတွေရေးရင်း အပ်နှင်းထားခဲ့တယ်။ အဲဒီနောက်မှာ ကုမ္ပဏီကနည်းပညာမြင့်စနစ်တစ်ခုဖြစ်တဲ့ ဝတ္ထုအတွက်အခြေခံအကြောင်းအရာတွေကိုထည့်သွင်းပေးရုံနဲ့ စနစ်ကိုသုံးစွဲတဲ့သူကို ဇာတ်လမ်းရဲ့ဇာတ်ဆောင်အဖြစ်ပို့ဆောင်ပေးနိုင်ပြီးတော့ သုံးစွဲသူရဲ့လုပ်ဆောင်မှုတွေကိုအခြေခံပြီးတော့ ဇာတ်လမ်းကိုဆက်ဖန်တီးပေးပြီး ဝတ္ထုအဖြစ်ထုတ်လုပ်ပေးနိုင်တဲ့စနစ်ဖြစ်ပါတယ်။ စာရေးဆရာတစ်ယောက်အနေနဲ့ Xiao Ming Ming ဟာ ဝတ္ထုထဲကဇာတ်ဆောင် Xiao Qiu Shui အဖြစ် သိုင်းလောကခရီးကိုစတင်လိုက်ပါတယ်။ ဒီခရီးမှာ အာဏာဂိုဏ်းသားများရဲ့လုပ်ကြံမှုတွေ၊ ရှောင်းမိသားစုဒုက္ခကြုံပြီး မိဘနဲ့ညီကိုဆုံးပါးမှုတွေစတဲ့မုန်တိုင်းတွေကြုံလာရပါတယ်။ စိန်ခေါ်မှုတွေကိုကျော်ဖြတ်ရင်း အညတရသိုင်းသမားလေးဘဝကနေ သိုင်းလောကရဲ့သူရဲကောင်းတစ်ယောက်ဖြစ်လာတဲ့ သူရဲကောင်းတစ်ယောက်ရဲ့ဘဝခရီးတစ်ခုအကြောင်းပဲဖြစ်ပါတယ်။ မင်းသားချော Cheng Yi ရဲ့ ပီပြင်တဲ့သရုပ်ဆောင်ချက်တွေနဲ့ အက်ရှင်သိုင်းစွမ်းတွေကို အတူတူမျှော်လင့်ပြီး ကြည့်လိုက်ရအောင်နော်...... Quality : WEB-DL 1080p, 720p Total Episodes : 38 Format : mp4 Genres : Wuxia Runtime : 45 min Subtitle : Myanmar Subtitle ( Hardsub )
အပိုင်းများ
40 အပိုင်း၊ season 1 seasonဇာတ်လမ်းအကြောင်း