ဇာတ်ကားများ ရွေးရန်

A Hundred Memories

2025ဇာတ်လမ်းတွဲအမှတ် 8.9/10

A Hundred Memories (2025) အပိုင်းသစ် (1 မှ 12) စ/ဆုံး ဒီတစ်ခေါက်အသစ်ထွက်ရှိလာတဲ့ 1980 ခုနှစ်ကို ဇာတ်အိမ်တည်ရိုက်ကူးထားတဲ့ လူငယ်အချစ်ဇာတ်လမ်းလေးမှာတော့ "Itaewon Class, Our Beloved Summer" ဇာတ်ကားတွေမှ မင်းသမီး Kim Da Mi, "Jeongnyeon: The Star Is Born" ဇာတ်ကားမှ မင်းသမီး Shin Ye Eun, "When the Phone Rings, Snowdrop"စတဲ့ ဇာတ်ကားတွေမှာ ပါဝင်ခဲ့တဲ့ မင်းသား Heo Nam Junတို့က အဓိကပါဝင်ထားပါတယ်။ ဇာတ်လမ်းကတော့ ဂိုယောင်းရယ် (Kim Da Mi) ဟာ မိသားစုရဲ့ သမီးကြီးပီပီ အိမ်ရဲ့စားဝတ်နေရေးအတွက် ထောက်ပံ့ကူညီပေးရတာကြောင့် ကားမူးတတ်ပေမဲ့လည်း ချောင်းအာသယ်ယူပို့ဆောင်ရေးရဲ့ ဘတ်စ်ကားနံပါတ်၁၀၀မှာ ဘတ်စ်ကားလမ်းညွှန်မလေးအဖြစ် လုပ်ကိုင်နေပြီး တက္ကသိုလ်တက်ရဖို့ အိပ်မက်ရှိသူလည်းဖြစ်ပါတယ်။ ဆောဂျုံဟီး (Shin Ye Eun) ကတော့ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိပြီး လှပတဲ့ အသစ်ဝင်ရောက်လာတဲ့ ဘတ်စ်ကားလမ်းညွှန်မလေးဖြစ်ပြီး သိပ်မကြာခင်မှာပဲ ဂိုယောင်းရယ်နဲ့ရင်းနှီးပြီး အချစ်ဆုံးသူငယ်ချင်းတွေဖြစ်သွားကြပါတယ်။ ဒီသူငယ်ချင်းမလေး၂ယောက်ကြားကို သူတို့ရဲ့အချစ်ဦးဖြစ်တဲ့ ရုပ်ရည်ချောမောပြီး ခန့်ညားတဲ့ ဟန်ဂျယ်ဖီး (Heo Nam Jun)ဆိုတဲ့ လက်ဝှေ့သမားဖြစ်ဖို့ စိတ်ဆန္ဒပြင်းပြနေတဲ့ သူဌေးသားလေးတစ်ယောက် ဝင်ရောက်လာတဲ့အခါမှာတော့... သူတို့၃ယောက်ရဲ့အချစ်ဇာတ်လမ်းလေးက ဘယ်လိုဆက်ဖြစ်သွားမလဲဆိုတာကို အပတ်စဉ် စနေ၊ တနင်္ဂနွေနေ့တိုင်း ရင်ခုန်စိတ်လှုပ်ရှားစွာနဲ့ စောင့်ကြည့်ပေးကြပါဦးနော်။ Aired: Sep 13, 2025 - Oct 19, 2025 Aired On: Saturday, Sunday Genres: Comedy, Romance, Life, Youth Episodes: 12 Original Network: jTBC

အပိုင်းများ

12 အပိုင်း၊ season 1 season

ဇာတ်လမ်းအကြောင်း