ဇာတ်ကားများ ရွေးရန်

Return of the Queen

2025ဇာတ်လမ်းတွဲအမှတ် 6.0/10

အခုတင်ဆက်ပေးမှာကတော့ Return of the Queen လို့အမည်ရတဲ့ စုစုပေါင်း ၂၄ ပိုင်းပါဝင်တဲ့ Web Series တစ်ခုပဲဖြစ်ပါတယ် မမနဲ့မောင်လေး ဇာတ်လမ်းအပြင် တခြားမြုပ်ကွက်တွေပါတဲ့ဇာတ်လမ်းမို့ အကြိုက်တွေ့ကြမှာ သေချာပါတယ် Zhang Yi Shang က ယဲ့ဟိုင်မုန့်အဖြစ်ပါဝင်သရုပ်ဆောင်ပြီး Wu Jun Ting က လုစစ်ယွီအဖြစ် ပါဝင်သရုပ်ဆောင်ထားပါတယ် ဇာတ်လမ်းအညွန်းလေးကတော့ ဟန်းနီးမွန်းထွက်တုန်း ကားအက်စီးဒန့်ကြောင့်သေဆုံးသွားပြီလို့ သတင်းထွက်နေတဲ့ ယွင်ဟိုင်အုပ်စုရဲ့ အမွေဆက်ခံသူ ယဲ့ဟိုင်မုန့်တစ်ယောက် သူမနဲ့ သူမတို့ရဲ့ခင်ပွန်းတို့အတွက် အများဆိုင်ရာ ဈာပန ပွဲလုပ်နေတဲ့အချိန်မှာပဲ အားလုံးအံ့အားသင့်အောင် ပြန်လည်ပေါ်ထွက်လာခဲ့တယ်။ သူမရဲ့ ပြန်လာခြင်းဟာ ရန်သူတွေအတွက်တော့ အိပ်မက်ဆိုးတစ်ခု ဖြစ်ခဲ့ပြီး၊ အရာအားလုံးကို ပြန်လည်သိမ်းပိုက်ဖို့ သူမရဲ့ ကလဲ့စားချေမှုတွေ စတင်ပါတော့တယ်။ ဒီအချိန်မှာပဲ လုမိသားစုရဲ့ သားငယ် လုစစ်ယွီဟာ သူမရဲ့ လျှို့ဝှက်ချက်တွေကို ဖော်ထုတ်ဖို့ အပြင်းအထန်ကြိုးစားရင်း သူမရဲ့ အဓိကပြိုင်ဘက် ဖြစ်လာခဲ့တယ်။ သူ့အစ်ကိုရဲ့ သေဆုံးမှုအတွက် သူမကို သံသယဝင်နေတဲ့ လုစစ်ယွီနဲ့ သူ့ကို အန္တရာယ်များတဲ့ ရန်သူတစ်ယောက်လို မြင်နေတဲ့ ယဲ့ဟိုင်မုန့်... ရန်သူတွေအဖြစ် ထိပ်တိုက်တွေ့ဆုံရင်း၊ အန္တရာယ်တွေကြားထဲမှာ တစ်ယောက်ကိုတစ်ယောက် ကာကွယ်ပေးမိတဲ့အခါ သူတို့ရဲ့ ဆက်ဆံရေးက ဘယ်လိုအဆုံးသတ်မလဲ။ အမှန်တရားနဲ့ အချစ်ကြားမှာ သူတို့နှစ်ယောက် ဘယ်လိုရွေးချယ်ကြမလဲဆိုတာကိုတော့... Quality : WEB-DL 1080p, 720p  Total Episodes : 24 Format : mp4 Genres : Drama , Thriller , Romance Runtime : 33 min Subtitle : Myanmar Subtitle ( Hardsub )

အပိုင်းများ

24 အပိုင်း၊ season 1 season
ပြထားသည် 12 မှ 24 အပိုင်း

ဇာတ်လမ်းအကြောင်း