ဇာတ်ကားများ ရွေးရန်

Diary of a Night Watchman

2014ဇာတ်လမ်းတွဲအမှတ် 8.7/10

Diary of a Night Watchman (2014) အပိုင်း (၁ မှ ၂၄) စ/ဆုံး ဒီဇာတ်ကားလေးကတော့ ဂျိုဆွန်းခေတ်ကို နောက်ခံထားပြီး ပုံမှန်သမိုင်းကားတွေနဲ့မတူဘဲ သဘာဝလွန်ဖြစ်ရပ်တွေနဲ့ စိတ်ကူးယဉ်ဆန်တဲ့ ဇာတ်လမ်းမျိုးကို ကြိုက်တတ်သူတွေအတွက် ရည်ရွယ်ပါတယ်။ ဒီကားလေးထဲမှာတော့ အားလုံးရဲ့ အချစ်တော် စကယ်ဂျူလာ မင်းသား Jung Il Woo၊ Gaus Electronics ထဲက မင်းသမီး Ko Sung Hee၊ It's Okay to Not Be Okay ထဲက မင်းသမီး Seo Ye-Ji နဲ့ Low Life ထဲက မင်းသား U Know Yunho တို့ အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ် ။ ​ဇာတ်လမ်းကတော့ ... မင်းသားလေး အီရင်(Jung Il Woo)ဟာ ငယ်ငယ်ကတည်းက ဝိညာဉ်တွေကို မြင်နိုင်တဲ့ ထူးခြားတဲ့အစွမ်းရှိသူဖြစ်ပါတယ် ။ နန်းတော်ရဲ့ နောက်ခံမှာ လူကောင်းတွေက နတ်ဆိုးတွေကို အနိုင်ယူနှိမ်နင်းပေမဲ့ လူဆိုးတွေကတော့ သူတို့ရဲ့ရည်ရွယ်ချက်အတွက် နတ်ဆိုးတွေကို အသုံးချကြတယ် .. ဘုရင့်အာဏာနဲ့ နန်းတွင်းကို အစီအမံတွေနဲ့ ထိပါးလာတဲ့အခါ .. နာနာဘာဝ၊ နတ်ဆိုးနဲ့ မှော်ဆန်တဲ့အရာတွေကြောင့် ဘေးအန္တရာယ်ကျရောက်နေတဲ့ နန်းတော်ကို ကာကွယ်ဖို့ မင်းသားလေး အီရင်က "ညစောင့်တပ်ဖွဲ့" တစ်ခု ဖွဲ့စည်းဖို့ ဖြစ်လာခဲ့ပါတယ် ။ ဒီလိုစွန့်စားခန်းတွေမှာ သူ့ကို ကူညီပေးမယ့် စွမ်းအားရှင်မလေး ဒိုဟာ(Ko Sung-Hee)၊ ဘတ်ဆူရွန်း၊ တော်ဝင်အစောင့်အရှောက် မူဆော့(Yunho)တို့နဲ့အတူ အမှောင်လောကသားတွေကို တိုက်ခိုက်ရင်း နန်းတော်ရဲ့လျှို့ဝှက်ချက်တွေကို ဖော်ထုတ်သွားမှာမို့လို့ သည်းထိပ်ရင်ဖို ကြည့်ရှုခံစားလိုက်ပါဦးနော် .. ။ Episodes: 24 Aired: Aug 4, 2014 - Oct 21, 2014 Aired On: Monday, Tuesday Original Network: Amazon Prime, MBC Genres: Action, Historical, Romance, Supernatural, Drama

အပိုင်းများ

24 အပိုင်း၊ season 1 season
ပြထားသည် 12 မှ 24 အပိုင်း

ဇာတ်လမ်းအကြောင်း