Children of Nobody
Children of Nobody (2018) အပိုင်း (1 မှ 16) စ/ဆုံး မှုခင်းဇာတ်လမ်းကို ကြိုက်နှစ်သက်ကြတဲ့ ပရိသတ်ကြီးအတွက် ဒီဇာတ်ကားလေးမှာတော့ မင်းသမီးကြီး Kim Sun-a, ပရိသတ်တွေရင်းနှီးပြီးသားဖြစ်တဲ့ ဂင်ချားနာမင်းသားLee Yi Kyung, Oh My Ghost Clients ထဲက မင်းသား Cha Hak Yeon နဲ့ My Military Valentine ထဲက မင်းသမီး Nam Guy Ri တို့အပြင် အခြားသရုပ်ဆောင်များစွာလည်း ပါဝင်ထားပါတယ်။ ဇာတ်လမ်းကတော့ ချာဝူဂယောင်း (Kim Sun-a) ဟာ ဟန်အူကလေးစင်တာမှာ အကြံပေးဆွေးနွေးတိုင်ပင်သူအဖြစ် လုပ်ကိုင်နေပြီး ခင်ပွန်းကောင်းနဲ့ သမီးလေးတစ်ယောက်ရှိသလို နောက်ထပ် ကိုယ်ဝန်လည်း လွယ်ထားရတာကြောင့် ပြီးပြည့်စုံတဲ့ဘဝကို ပိုင်ဆိုင်ထားရပြီလို့ ယုံကြည်နေသူပါ။ ဒါပေမဲ့ တစ်နေ့မှာတော့ ကားတိုက်မှုဖြစ်ပြီး လျှို့ဝှက်ဆန်းကြယ်တဲ့ကလေးမလေးကို မြင်လာရတဲ့အချိန်မှာတော့ သူမရဲ့ပြီးပြည့်စုံတဲ့ဘဝဟာ လုံးဝပြောင်းလဲသွားပါတော့တယ်။ ဂန်ဂျီဟွန်း (Lee Yi Kyung) ကတော့ အကြမ်းဖက်မှုခင်းအဖွဲ့၂က တရားမျှတတဲ့စုံထောက်ဖြစ်ပြီး နာကျင်စရာ အတိတ်ကို ဖုံးကွယ်ထားသူလည်း ဖြစ်ပါတယ်။ ဒါကြောင့် ချာဝူဂယောင်းမြင်နေရတဲ့ ကလေးမလေးက ဘယ်သူဖြစ်မလဲ..... ဟန်အူကလေးစင်တာနဲ့ရော ဘယ်လိုတွေ ပတ်သက်နေမလဲဆိုတာအပြင် စိတ်ဝင်စားဖို့ကောင်းတဲ့ မှုခင်းအဖြစ်အပျက်တွေပါဝင်တဲ့ ဇာတ်ကားကောင်းလေးဖြစ်တာကြောင့် တင်ဆက်ပေးလိုက်ပါတယ်နော်။ Aired: Nov 21, 2018 - Jan 16, 2019 Aired On: Wednesday, Thursday Genres: Thriller, Mystery, Psychological, Drama Episodes: 16 Original Network: MBC
အပိုင်းများ
16 အပိုင်း၊ season 1 seasonဇာတ်လမ်းအကြောင်း