ဇာတ်ကားများ ရွေးရန်

9-1-1: Nashville

2025ဇာတ်လမ်းတွဲအမှတ် 9.3/10

9-1-1 Nashville နာမည်ကျော် 9-1-1 စီးရီးရဲ့ Spin-off 9-1-1 Nashville ထွက်လာပါပြီ။ စီးရီးနာမည်အတိုင်း Nashville မြို့မှာ အခြေချထားတဲ့ မီးသတ်တပ်ခွဲ ၁၁၃ အကြောင်း ရိုက်ကူးထားတာဖြစ်ပါတယ်။ နက်ရှ်ဗီးလ် မီးသတ်တပ်ခွဲ ၁၁၃ က ကပ္ပတိန်ဒွန်ဟတ်ထ်ဟာ အားလပ်ချိန်မှာ သားဖြစ်သူ ရိုင်ယန်ဟတ်ထ်နဲ့အတူ မြင်းရိုင်းစီးလေ့ရှိပြီး နက်ရှ်ဗီးရဲ့ မြင်းရိုင်းစီးချန်ပီယံဖြစ်သလို မြင်းပေါ်က တစ်ခါမှ မကျဖူးသူလို့ ပြောစမှတ်တွင်သူဖြစ်ပါတယ်။ ဒါပေမယ့် နောက်ဆုံးတစ်ခေါက်ပြိုင်ပွဲမှာတော့ သူ့ရဲ့စီးတော်မြင်း ဒုခ်ဟာ ဒွန်ကို မကြံစဖူး ခါချရာကနေ သားဖြစ်သူ ရိုင်ယန်ဟာ ဖခင်မှာ ဖုံးကွယ်ထားတဲ့ ကိစ္စတစ်ခု ရှိနေတာကို သိသွားပါတယ်။ဒါပေမယ့်အဲ့ဒီအချိန်မှာပဲ နက်ရှ်ဗီးလ်မြို့ကို မုန်တိုင်းကြီးတစ်ခု ဦးတည်လာတဲ့ အခါမှာတော့ မိသားစုရေးထက် အလုပ်ကို ဦးစားပေးရဖို့ ဖြစ်လာပြီး ကယ်ဆယ်ရေးအတွက် ပြင်ဆင်ရပါတော့တယ်။ 9-1-1 Nashville ဟာ 9-1-1ရဲ့ Spin-off ဆိုပေမယ့် ဇာတ်ကောင်နဲ့ ဇာတ်လမ်းချိတ်ဆက်မှု မရှိသေးပဲ Universe တစ်ခုထဲ တစ်ချိန်ထဲမှာ ဇာတ်အိမ်တည်ထားတာသာ ဖြစ်လို့ မူလ 9-1-1ကို မကြည့်ရှုရသေးသူတွေလည်း ကြည့်လို့ရပါတယ်။ ထုံးစံအတိုင်း ဘာတေွဘယ်လို အထူးအဆန်းတွေနဲ့ကယ်တင်ကြဦးမှာလဲ။ ဘယ်ဇာတ်ကောင်တွေကို ဘယ်လောက်ထိ ကြည့်ရင်း သံယောဇဉ်တွယ်မိကြဦးမှာလဲဆိုတာကို ခံစားကြည့်လိုက်ကြပါဦးခင်ဗျာ။ File size…  1.2 GB / 556MB Quality… Web-DL 1080p / 720p Format… mp4 Duration…. 42m Genre ..... Action / Adventure Subtitle…. Myanmar Subtitle (Hard Sub)

အပိုင်းများ

21 အပိုင်း၊ season 2 season
ပြထားသည် 12 မှ 18 အပိုင်း

ဇာတ်လမ်းအကြောင်း