Clevatess
Clevatess (2025) MyAnimeList - 7.4/10, IMDB - 7.8/10 ယခုတစ်ခေါက်တင်ဆက်ပေးမယ့် စီးရီးလေးကတော့ အခု ၂၀၂၅မှ ထွက်ရှိထားတဲ့ Cleavatess ဆိုတဲ့ Anime စီးရီးလေးဖြစ်ပါတယ်။ စီးရီးလေးက IMdb rating 7.8 တောင်ရထားတာမို့လို့ တကယ်ကို ကြည့်ရှုသင့်တဲ့စီးရီးလေးပါ ပထမတစ်ပိုင်းကြည့်လိုက်တာနဲ့တင် နောက်အပိုင်းတွေကို ဆက်ကြည့်ရှုချင်သွားအောင် ဆွဲခေါ်သွားမယ့် စီးရီးလေးဆိုလည်း မမှားပါဘူး။ အကျဉ်းချုပ်ကတော့ Edthea ဆိုတဲ့ ကုန်းမြေအတွင်းမှာ လူသားတွေနေထိုင်ကြပြီး ဘေးပတ်ပတ်လည်မှာတော့ အမှောင်သားရဲတွေနဲ့ ဝိုင်းရံထားတဲ့အတွက် ဒီပြင်ပကမ္ဘာကြီးကို စူးစမ်းချင်ပေမယ့်လည်း သားရဲတွေကြောင့် အပြင်ထွက်ခွင့်မရပါဘူး။ ဒါပေမယ့် ဒဏ္ဍာရီအရတော့ တစ်ချိန်မှာ ဘုရင် Haiden ဆီကနေ လက်နက်တစ်ခုကို အပ်နှင်းခံရတဲ့သူရဲကောင်းဟာ အမှောင်သားရဲတွေကို နှိမ်နှင်းပြီး Edthea ကို ပြင်ပကမ္ဘာနဲ့ဆက်သွယ်ပေးမယ်လို့ အဆိုရှိပါတယ်။ ဒီလိုနဲ့ ဘုရင် Haiden ကလည်း ဒဏ္ဍာရီကို တကယ်ဖြစ်လာအောင်လုပ်ချင်လာပြီး Alicia ဆိုတဲ့ သူရဲကောင်းမလေး အပါအဝင်နယ်မြေအသီးသီးက သူရဲကောင်းတွေကို အမှောင်သားရဲအရှင်တွေကို နှိမ်နှင်းဖို့လွှတ်လိုက်ပါတယ်။ ဒါပေမယ့် မအောင်မြင်ပဲ အမှောင်သားရဲအရှင်ကို လှုပ်နိုးသလိုဖြစ်သွားပြီး သူရဲကောင်းတွေအားလုံး အသတ်ခံလိုက်ရတဲ့အပြင် အမှောင်သားရဲအရှင်ဟာ ဒါနဲ့တင်မကျေနပ်ပဲ သူ့နယ်မြေကိုကျူးကျော်လာတဲ့ လူသားမျိုးနွယ်ကို ဖျက်စီးပစ်မယ်ဆိုပြီး Haiden ဘုရင်နဲ့ရဲတိုက်ကို ဖျက်စီးပစ်လိုက်ပါတယ်။ လူသားမျိုးနွယ်ကိုလည်း သူ့နယ်မြေကို ထပ်မကျူးကျော်အောင် ဖျက်စီးပစ်မယ်ကြုံးဝါးနေဆဲမှာပဲ အသက်ရှင်နေတဲ့ မွေးကင်းစကလေးငယ်လေးကိုတွေ့တော့ သတ်မယ်အလုပ်မှာ မိခင်ဖြစ်သူရဲ့တောင်းပန်မှုကြောင့်ရော သူကိုယ်တိုင်က လူသားမျိုးနွယ်အကြောင်းကို လေ့လာဖို့အတွက်ရောဆိုပြီး ကလေးကိုကြီးပြင်းလာတဲ့အထိ စောင့်ရှောက်ပေးဖို့ သေဆုံးသွားခဲ့တဲ့ Alicia သူရဲကောင်းမလေးကိုပါ ပြန်အသက်သွင်းပြီး နှစ်ယောက်သား ဘာတွေဆက်ဖြစ်ကြမလဲ ကြည့်ရမှာပါ။ ဒီလိုနဲ့ အမှောင်သားရဲအရှင် Clevatess တစ်ကောင်နဲ့ သူရဲကောင်းမလေး ALicia တို့ စွန့်စားခန်းထွက်ကြရင်း ကလေးတစ်ယောက်ကို ဘယ်လိုပြုစုပျိုးထောင်မလဲ သူ့အကြံစည်တွေဖြစ်လာမှာလား လူသားမျိုးနွယ်ရဲ့ကံကြမ္မာကရော ဘယ်လိုတွေဖြစ်လာမလဲ Alicia ကရော သူ့ရဲ့အိမ်မက်ဖြစ်တဲ့ သားရဲအရှင်ကို နှိမ်နှင်းမယ်ဆိုတာကရော အောင်မြင်မှာလား စတာတွေကို သိချင်ရင်တော့ အခုပဲ စီးရီးလေးကို ကြည့်လိုက်ကြရအောင်နော်...။ File size… 500 MB (Appx;)@Episode Quality… WEB DL 1080p Format… mp4 Duration…. 25m @Episode Genre ..... Anime, Adventure, Action Subtitle…. Myanmar Subtitle (Hard Sub)
အပိုင်းများ
25 အပိုင်း၊ season 2 seasonဇာတ်လမ်းအကြောင်း