ဇာတ်ကားများ ရွေးရန်

The Lowdown

2025ဇာတ်လမ်းတွဲအမှတ် 8.8/10

The Lowdown (2025) S1 +++++++++ အပိုင်း ( ၁ မှ ၈ ) အထိ စ / ဆုံး ဒီဇာတ်လမ်းတွဲလေးမှာတော့ ကျွန်တော်တို့ အချစ်တော်မင်းသားကြီး အီသန့် ဟော့ခ်က အဓိကပါဝင်သရုပ်ဆောင်ထားပြီး တက္ကဆက်တို့ အိုကလာဟိုးမားတို့ဘက်က ကောင်းဘွိုင်ဆန်ဆန် ဇာတ်အိမ်အပြင်အဆင်နဲ့ ပေါ့ပေါ့ပါးပါး အပျင်းပြေ ကြည့်ရှုရမှာဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း ++++++++ လီ ရေဘန်ဟာ စာအုပ်ဆိုင်လေးတစ်ဆိုင်ဖွင့်ထားပြီး ရှားပါးစာအုပ်တွေ၊ ရှေးဟောင်းပစ္စည်းတွေကို စုဆောင်းပြီး အရောင်းအဝယ်လုပ်တတ်သူဖြစ်ပါတယ်။ တစ်ဖက်မှာလည်း သူဟာ သူ့ကိုယ်သူ အမှန်တရားဘက်တော်သား လို့ ခံယူထားပြီး ပြည်နယ်တွင်း အပျော်တမ်းမဂ္ဂဇင်းတစ်ခုမှာ မြို့တွင်းမှာ ကြားရသမျှ သတင်းတွေကို လိုတာထက် ပိုချဲ့ကားရေးပြီး သတင်းပေးတတ်တဲ့ ယောင်ခြောက်ဆယ်ပါ။ ဒီလိုနဲ့ သူဟာ တစ်နေ့မှာတော့ မြို့နယ်အုပ်ချုပ်ရေးမှူးရဲ့ ညီဖြစ်တဲ့ ဒေးလ်ဝါ့ရှ်ဘာ့ဂ်ရဲ့အကြောင်းကို သတင်းလုပ်ရေးခဲ့ပါတယ်။ ဒီလိုရေးပြီး မကြာပါဘူး၊ ဒေးလ်ဟာ သူ့ကိုယ်သူ သတ်သေသွားခဲ့ပါတယ်။ ဒေသခံတွေကတော့ သူသတင်းရေးလို့ ဒေးလ်က သတ်သေသွားတယ်လို့ အပြစ်တင်ရှုံ့ချပေမဲ့ သူက သေသွားတဲ့ဒေးလ်ရဲ့ အိမ်မှာ ပစ္စည်းတွေထုတ်ရောင်းတာကိုတောင် သွားဝယ်လိုက်ပါသေးတယ်။ အဲဒီအိမ်က ဒေးလ်ရဲ့ စာကြည့်ခန်းထဲမှာ သူက ရှားပါးစာအုပ်တစ်အုပ်ကို ခိုးလာခဲ့ရာကနေ ဒေးလ်ရဲ့သေဆုံးမှုက ထင်ထားသလို သတ်သေတာမဖြစ်နိုင်မှန်း သဲလွန်စ တစ်ခုရလာခဲ့ပါတယ်။ ဒီတော့ တစ်ကိုယ်ကောင်းသမား ယောင်ခြောက်ဆယ် လီရေဘန်က ဒီသဲလွန်စကနေ သေဆုံးမှုနောက်ကွယ်က အကြောင်းတရားကို ဘယ်လိုအစဆွဲထုတ်မလဲဆိုတာကို စိတ်ဝင်စားဖွယ်ကြည့်ရှုရမှာဖြစ်ပါတယ်။ Size – 1.30GB / 555MB Quality –WEB-DL 1080p HEVC / 720p Episodes -  8 Eps (Ongoing Series ) Duration -  59m Subtitle – Myanmar Hardsub Format – mkv /mp4 Genre :  Biography , Drama , History

အပိုင်းများ

8 အပိုင်း၊ season 1 season

ဇာတ်လမ်းအကြောင်း