ဇာတ်ကားများ ရွေးရန်

Whisper

2017ဇာတ်လမ်းတွဲအမှတ် 8.9/10

Whisper (2017) အပိုင်း (၁ မှ ၁၇) စ/ဆုံး ဒီတစ်ခေါက် တင်ဆက်ပေးမဲ့ ဇာတ်ကားလေးကတော့ VIP, One the Woman ထဲက မင်းသား Lee Sang-Yoon၊ I Can Hear Voice, Mine ထဲက မင်းသမီး Lee Bo-Young တို့ အဓိကပါဝင်ထားတဲ့ ဥပဒေရေးရာ သည်းထိတ်ရင်ဖို ဇာတ်ကားကောင်းလေးပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းအညွှန်း ရှင်းယောင်းဂျူ(Lee Bo-Young)ဟာ စိတ်ဓာတ်မာကျောပြီး တရားမျှတမှုကို မြတ်နိုးတဲ့ ရဲအရာရှိမလေး တစ်ဦးပါ။ သူမရဲ့ဖခင်ဖြစ်သူဟာ .. နိုင်ငံတွင်း အကြီးဆုံး ဥပဒေကုမ္ပဏီဖြစ်တဲ့ ထယ်ဘဲ့ရဲ့ ကာလကြာရှည်စွာ လျှို့ဝှက်ထားတဲ့ အကျင့်ပျက်ခြစားမှုများကို ဖော်ထုတ်ဖို့ ကြိုးစားရင်း .. လူသတ်မှုနဲ့ မတရားစွပ်စွဲခံရပြီး ထောင်ဒဏ်ကျခံခဲ့ရပါတယ်။ အီဒုံဂျွန် (Lee Sang-yoon)ဟာ စိတ်ဓာတ်ဖြောင့်မတ်ပြီး တရားမျှတတဲ့ တရားသူကြီးတစ်ဦးဖြစ်သော်လည်း ထယ်ဘဲ့ဥပဒေရုံးရဲ့ အကြီးအကဲ ချွဲအီဟွမ်ရဲ့ ခြိမ်းခြောက်မှုနဲ့ ပယောဂများကြောင့် ရှင်းယောင်းဂျူရဲ့ဖခင်ကို မတရားသဖြင့် စီရင်ချက်ချခဲ့ရသူပါ။ ဖခင်ဖြစ်သူအတွက် လက်စားချေဖို့နဲ့ တရားမျှတမှုရရှိဖို့အတွက် ယောင်းဂျူဟာ ဒုံဂျွန်ကို အကျပ်ကိုင်ပြီး ထယ်ဘဲ့ဥပဒေကုမ္ပဏီထဲကို အတွင်းရေးမှူးအဖြစ် အယောင်ဆောင် ဝင်ရောက်ခဲ့ပါတယ်။ ရန်သူအဖြစ် စတင်ခဲ့တဲ့ သူတို့နှစ်ဦးဟာ ထယ်ဘဲ့ဥပဒေကုမ္ပဏီအတွင်းက နက်နဲတဲ့ အကျင့်ပျက်ခြစားမှုတွေကို ဖော်ထုတ်ဖို့အတွက် နောက်ဆုံးမှာ မဟာမိတ်တွေအဖြစ် ပူးပေါင်းလိုက်ပါတော့တယ်။ တစ်ချိန်က ဖြောင့်မတ်ခဲ့ဖူးတဲ့ တရားသူကြီး ဒုံဂျွန်နဲ့ .. ဖခင်ဖြစ်သူရဲ့ အပြစ်ကင်းစင်မှုကို ဖော်ထုတ်ချင်တဲ့ ရဲအရာရှိ ယောင်းဂျူတို့နှစ်ဦးသား  ထယ်ဘဲ့ဥပဒေကုမ္ပဏီအတွင်းရှိ အာဏာတပ်မက်သူတွေနဲ့ ဝိသမလောဘသားတွေကို ဘယ်လိုရင်ဆိုင်ပြီး အမှန်တရားကို ဖော်ထုတ်ကြမလဲဆိုတာကို စိတ်လှုပ်ရှားစွာ ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။ Episodes: 17 Aired: Mar 27, 2017 - May 23, 2017 Aired On: Monday, Tuesday Original Network: Amazon Prime, MBC Genres: Thriller, Law, Romance, Drama

အပိုင်းများ

17 အပိုင်း၊ season 1 season
ပြထားသည် 12 မှ 17 အပိုင်း

ဇာတ်လမ်းအကြောင်း