Jang Ok Jung, Living in Love
Jang Ok Jung, Living in Love (2013) အပိုင်း (1 မှ 24) စ/ဆုံး မင်းသမီး Kim Tae-Hee ရှယ်လှပြီး မင်းသား Yoo Ah-In နဲ့လည်း အရမ်း အတွဲညီခဲ့တဲ့ နန်းတွင်းကားဟောင်းလေးကို ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်နော်။ ဂျိုဆွန်းခေတ်သမိုင်းကြောင်းမှာ နန်းတွင်းသူအဖြစ်ကနေ စတင်ပြီး မိဖုရားခေါင်ကြီးနေရာအထိပါ တက်လှမ်းနိုင်ခဲ့တဲ့ တစ်ဦးတည်းသောပုဂ္ဂိုလ် ဂျန်ဟီဘင် (ခေါ်) ဂျန်အို့ဂျောင်းရဲ့ ဇာတ်ကြောင်းလေးကို ရိုက်ကူးထားပြီး ဒီကားလေးထဲမှာတော့ ဂျန်အို့ဂျောင်းကို ဝတ်စုံတွေ ချုပ်လုပ်တဲ့ အပ်ချုပ်သမလေးအဖြစ် သရုပ်ဖော်ထားပါတယ်။ - ဇာတ်လမ်းအကျဉ်း - ဂျန်အို့ဂျောင်း (Kim Tae-Hee) ဟာ "ဘူယုံးဂျွန်း"ဆိုတဲ့ ကိုယ်ပိုင်အထည်ဆိုင်လေးကို ဖွင့်လှစ်ထားပြီး သူ့ရဲ့ဝင်ငွေတွေနဲ့ မိခင်ဖြစ်သူကို ကျွန်ဘဝကနေ ရွေးထုတ်ပြီးတော့ ချင်နိုင်ငံကို အတူထွက်သွားဖို့ ဆန္ဒရှိနေသူလေးပါ။ တစ်နေ့ အဝတ်အစားချုပ်လုပ်ဖို့အတွက် ကိုယ်တိုင်း တိုင်းဖို့ ပန်းဥယျာဉ်လေးတစ်ခုဆီ သွားရင်းက အီဆွန်း (Yoo Ah-In) နဲ့ ဆုံတွေ့ဖြစ်ပြီး ချစ်ကြိုးယှက်နွယ်မိခဲ့ကြတာပေါ့။ အိမ်ရှေ့စံမင်းသားဆိုတာကို ဖုံးကွယ်ပြီး ကိုယ်ရံတော်တပ်မှူးအဖြစ် ဟန်ဆောင်နေတဲ့ အီဆွန်း... မကြာခင်မှာပဲ မိခင်နဲ့အတူ ချင်နိုင်ငံကို ထွက်သွားရတော့မဲ့ အို့ဂျောင်း... အိုဂျောင်း ချင်နိုင်ငံကို ထွက်မသွားဖြစ်ဘူးဆိုရင်တော့ နန်းတော်ထဲက အီဆွန်းကို လာရှာမယ်လို့ နှစ်ဦးကြား ကတိထားခဲ့ကြပါတယ်။ အဲဒီနောက်ပိုင်း အို့ဂျောင်းလည်း အကြောင်းအမျိုးမျိုးကြောင့် ချင်နိုင်ငံကို ထွက်မသွားဖြစ်ဘဲ အပ်ချုပ်ဆောင်နန်းတွင်းသူအဖြစ် နန်းတော်ထဲ ဝင်လာပြီး ထီးနန်းဆက်ခံပြီးဖြစ်တဲ့ အီဆွန်းနဲ့ ပြန်လည်ဆုံစည်းဖြစ်တဲ့အခါမှာတော့... နန်းတွင်းအာဏာလွန်ဆွဲမှုတွေကြားက အီဆွန်းနဲ့ အို့ဂျောင်းတို့ရဲ့ ချစ်ပုံပြင်လေးကို လှလှပပလေး ပုံဖော်ရိုက်ကူးပြထားတာမို့လို့ ပြန်လည်ခံစားကြည့်ရှုလိုက်ကြပါဦးရှင်။ Aired: Apr 8, 2013 - Jun 25, 2013 Aired On: Monday, Tuesday Genres: Historical, Romance, Drama Episodes: 24 Original Network: SBS
အပိုင်းများ
24 အပိုင်း၊ season 1 seasonဇာတ်လမ်းအကြောင်း