ဇာတ်ကားများ ရွေးရန်

Janaawar - The Beast Within

2025ဇာတ်လမ်းတွဲ

Janaawar – The Beast Within (2025) "ပုန်းကွယ်နေသော သားရဲကြီး" IMDb - 7.2/10 ခိုးမှု၊ မူးယစ်ရမ်းကားမှုလိုမျိုး အမှုသေးလေးတွေလောက်နဲ့ပဲ လည်ပတ်နေတဲ့ တောတောင်တွေကြားက နယ်မြို့လေးရဲ့ စခန်းမှာတာဝန်ကျတဲ့ ရဲတပ်ကြပ် ဟီမန့်။ ဇနီးဖြစ်သူ ကိုယ်ဝန်နေ့စေ့လစေ့ကြီးမို့ ဟီမန့်တစ်ယောက် နောက်ရက်ကစပြီး ခွင့်ယူဖို့တင်ထားခဲ့ပေမဲ့ နောက်ရက်မရောက်ခင်မှာပဲ ခေါင်းပျောက်နေတဲ့အလောင်းတွေကို တောထဲနယ်စပ်တစ်နေရာမှာပုပ်သိုးပျက်စီးနေတာကို တွေ့လိုက်ရပါတယ်။ စခန်းမှူးကလည်း ခရီးလွန်နေချိန်၊ စခန်းမှာ ဟီမန့်ဦးစီးနေရတာမို့ ရဲမှူးကြီးက ဒီအမှုကို အမြန်ဆုံးဖြေရှင်းဖို့ မဖြေရှင်းနိုင်ရင် တာဝန်ကနေ ရပ်ဆိုင်းခံရမယ်ဆိုပြီးဖိအားပေးသွားခဲ့ပါရော။ ရှေးရိုးစွဲအစဉ်အလာတွေ၊ ဇာတ်အနိမ့်အမြင့်ခွဲခြားမှုတွေနဲ့အတူ နယ်မြို့ငယ်လေးရဲ့ လျှို့ဝှက်နက်နဲပြီး ရှုပ်ထွေးလှတဲ့ ဒီလူသတ်မှုတွေကို တပ်ကြပ်လေးဟီမန့်ဘယ်လိုစုံစမ်းဖော်ထုတ်မလဲဆိုတာကို အပိုင်း(၇)ပိုင်းနဲ့ ဒီဇာတ်လမ်းတွဲလေးမှာ ရှုစားကြပါဦး။ File Size – 500 MB (Appx;)@Episode Quality – 1080p WEB DL Duration –40minute (@Episode) Total Episodes:7Eps Subtitle – Myanmar Hardsub Format – Mp4 Genre : Drama, Crime, Action & Adventure

အပိုင်းများ

7 အပိုင်း၊ season 1 season

ဇာတ်လမ်းအကြောင်း