Blood River
"Blood River" (2025) အရိပ်မဲ့စစ်သည်တော် Wuxia ပရိသတ်တွေကြား ရေပန်းစားခဲ့တဲ့ The Blood of Youth နဲ့ Dashing Youth တို့ရဲ့ shared universe ထဲက ဇာတ်ကားဖြစ်တဲ့ "Blood River" ကတော့ Su Mu Yu ဇာတ်ရုပ်ကို အသားပေးရိုက်ကူးထားပြီး အားလုံးရဲ့အချစ်တော် ကိုကိုGong Junက သရုပ်ဆောင်ပုံဖော်ပေးထားတာပဲဖြစ်ပါတယ် ဇာတ်လမ်းဇာတ်အိမ်ကောင်းကောင်းနဲ့ ထိထိမိမိရှိတဲ့ Wuxia ဇာတ်လမ်းတွဲတစ်ပုဒ်မလို့ ပရိသတ်အကြိုက်တွေ့စေမှာလည်း မလွဲပါပဲရှင်... ဇာတ်လမ်းအကျဥ်းလေးကတော့ သိုင်းလောကထဲက အင်အားကြီးဂိုဏ်းတွေကိုလိုက်ချေမှုန်းပြီး နန်းတွင်းရဲ့ဩဇာတောင်မလွှမ်းနိုင်တဲ့ "Dark River"ဆိုတဲ့ လောကပထမ အရက်စက်အကြမ်းကြုတ်ဆုံး ကြောက်စရာအကောင်းဆုံး လျှို့ဝှက်လူသတ်သမားအဖွဲ့အစည်းကြီးတစ်ခု... Su မိသားစု Xie မိသားစုနဲ့ Mu မိသားစုဆိုတဲ့ မိသားစုကြီးသုံးခုကြီးစိုးတဲ့ "Dark River"ဟာ အုပ်ချုပ်သူအကြီးအကဲရဲ့ဩဇာအာဏာလွှမ်းမိုးနေခဲ့ရင်းကနေ ထူးခြားဆန်းကြယ်တဲ့အဆိပ်တစ်မျိုးကြောင့် အုပ်ချုပ်သူအကြီးအကဲ အိပ်ရာထဲလဲသွားတဲ့အခြေအနေမှာ လက်အောက်ခံမိသားစုတွေက အခွင့်ကောင်းယူပြီး ပုန်ကန်ထကြွလာကြတဲ့အခါ.... Spider Shadow Guards ရဲ့ခေါင်းဆောင်ဖြစ်တဲ့ Su Mu Yu တစ်ယောက် ပြိုင်ဘက်ရန်သူတွေရဲ့တိုက်ခိုက်လာမှုကို ခုခံကာကွယ်ရင်းကနေ အကြီးအကဲကိုဆေးကုသနိုင်ဖို့ ဆေးဘုရင်တောင်ကြားက နတ်ဆေးသမားတော် Bai He Huai ကိုလိုက်ရှာရင်း အခက်အခဲပေါင်းစုံကို ရင်ဆိုင်ကြုံတွေ့လာရတဲ့အခါ.... အလောင်းကောင်တွေတောင်ပုံရာပုံပေါ် အတူနင်းဖြတ်ရင်း အများတကာထက် သံယောဇဉ်နက်ရှိုင်းခဲ့ကြတဲ့ Su Mu Yu နဲ့ Su Changhe တို့ကြား ကံကြမ္မာလေပွေရိုက်ခတ်ပြင်းပြီး အချစ်ဆုံးသူငယ်ချင်းတွေအဖြစ်ကနေ ဆန့်ကျင်ဘက်မှာရပ်တည်ကြဖို့ဖြစ်လာကြပုံတွေကို ဇာတ်အိမ်ခိုင်ခိုင်မာမာနဲ့အတူ မင်းသားချောတွေရဲ့သရုပ်ဆောင်ကောင်းမှုကိုပါ တစ်ဝကြီးခံစားရစေမဲ့ "Blood River"ဇာတ်လမ်းတွဲလေးကို အခုပဲခံစားကြည့်ရှုလိုက်ကြရအောင်လားရှင်
အပိုင်းများ
38 အပိုင်း၊ season 1 seasonဇာတ်လမ်းအကြောင်း