ဇာတ်ကားများ ရွေးရန်

Sheriff Country

2025ဇာတ်လမ်းတွဲအမှတ် 6.8/10

Sheriff Country [2025] IMDb 6.2/10 Fire Country လို ပေါ့ပေါ့ပါးပါး ဇာတ်အိမ်ကောင်းကောင်း စီးရီးအတွဲဆက် အသစ်လေးထွက်လာပါပြီ။ Sheriff မစ်ကီရဲ့ ဘဝကိုအခြေပြုပြီး အတ်ဂျ်ဝါးတားမြို့လေးက ရဲစခန်းနဲ့ အမှုအခင်းတွေကို မိသားစုဇာတ်လမ်းလေးတွေ အပါအဝင် ကျကျနနကြည့်ရှုနိုင်မယ့်ကားလေးပါ။ ဇာတ်လမ်းအကျဉ်း အတ်ဂျ်ဝါးတားမြို့မှာ ရဲမှူးဟောင်းသေဆုံးသွားလို့ ယာယီရဲမှူးအဖြစ် အရှာရှိမစ်ကီတစ်ယောက် တာဝန်ထမ်းဆောင်နေပါတယ်။ ရဲတွေကို ထောက်ပံ့ပေးနေတဲ့ ပန့်ချ်တို့နဲ့ အဖွဲ့ကတော့ မစ်ကီ့ကို ယာယီရဲမှူးအဖြစ်ကနေ အမြဲဝန်ထမ်းအဖြစ် တင်ပေးဖို့ ချီတုံချတုံဖြစ်နေကြတာပါ။ မစ်ကီကတော့ ရဲမှူးတာဝန်ကို တာဝန်ကျေအောင်ထမ်းဆောင်ရင်း ဆေးဖြတ်ခါစ သမီးနဲ့ သူ့သမီးရဲ့ရည်းစား ဆေးသမားကိစ္စကိုလည်း ဖြေရှင်းနေရပါတယ်။ သူတစ်ယောက်တည်း မစွမ်းနိုင်တဲ့အခါ သိပ်လည်းဆက်ဆံရေး အဆင်မပြေလှတဲ့ ဖခင်ဖြစ်သူကို အကူအညီတောင်းရပါတော့တယ်။ အိမ်ထောင်ကွဲ မစ်ကီဟာ ယောက်ျားဖြစ်သူဟာ ကွာရှင်းပြီးနောက် သူမရဲ့ လက်အောက်ငယ်သားနဲ့ ခင်ပွန်းဟောင်းတို့ ကြိတ်ပုန်းခုတ်နေတာလည်း ကိုင်တွယ်ရင်း အမှုတစ်ခုကို အောင်မြင်စွာဖြေရှင်းပြီးတဲ့နောက်မှာ စိတ်အေးနေရပြီထင်သော်လည်း ဆေးသမားရည်းစားရဲ့ သွေးတွေစွန်းနေတဲ့ သမီးဖြစ်သူ အိမ်ပြန်ရောက်လာတဲ့အခါ ဘာတွေဆက်လုပ်ကြမလဲ စိတ်ဝင်စားဖွယ်ကြည့်ရှုရမယ့် ဇာတ်လမ်းတွဲလေးပဲဖြစ်ပါတယ်ခင်ဗျ။

အပိုင်းများ

9 အပိုင်း၊ season 1 season

ဇာတ်လမ်းအကြောင်း