Old Money
Old Money (2025) အပိုင်း (၁ မှ ၈) စ/ဆုံး ဒီကားလေးကတော့ တူရကီအချစ်ဇာတ်လမ်းတွဲတစ်ခုဖြစ်ပြီး .. ဆင်းရဲရာကနေ ချမ်းသာလာတဲ့ စီးပွားရေးသမားတစ်ဦးနဲ့ မျိုးရိုးစဉ်ဆက်ချမ်းသာတဲ့ အမွေဆက်ခံသူအမျိုးသမီးတစ်ဉီးကြားက ချစ်ခြင်းမေတ္တာ၊ စွမ်းအားနဲ့ ဓနဆိုင်ရာ ပဋိပက္ခတွေအကြောင်း ရိုက်ကူးတင်ဆက်ပြသထားပါတယ်။ အော်စမန် (Engin Akyürek) က ညီအစ်ကိုတွေနဲ့အတူ ဘာမှမရှိတဲ့ဘဝကနေစပြီး ကုန်သွယ်ရေးအင်ပါယာကြီးတစ်ခုကို တည်ဆောက်ခဲ့တဲ့ စီးပွားရေးသမားတစ်ဉီးဖြစ်ပါတယ်။ နီဟယ် (Asli Enver ) ကတော့ သင်္ဘောထုတ်လုပ်ရေးလုပ်ငန်းအမွေကို ဆက်ခံထားပေမယ့်လည်း ဖခင်ဖြစ်သူရဲ့အကြွေးတွေကြောင့် မိသားစုပိုင်ဆိုင်မှုတွေဆုံးရှုံးရတော့မယ့်အန္တရာယ်နဲ့ ရင်ဆိုင်နေရတာဖြစ်ပါတယ်။ နီဟယ်ရဲ့မိသားစုဟာ အော်စမန်ရဲ့လုပ်ငန်းအုပ်စုမှာ အကြွေးတင်နေပြီး သူတို့ရဲ့မျိုးရိုးအစဉ်အဆက်လက်ဆင့်ကမ်းလာခဲ့တဲ့ ပင်လယ်ကမ်းခြေကအိမ်ကြီးကို ဆုံးရှုံးရတော့မဲ့ အနေအထားဖြစ်နေခဲ့ပါတယ်။ ဒီပဋိပက္ခကြောင့်ပဲ နီဟယ်နဲ့အော်စမန်တို့ တွေ့ဆုံခဲ့ကြသလို စီးပွားရေးအရ ပြိုင်ဆိုင်မှုတွေထဲမှာတောင် သူတို့နှစ်ဉီးကြားမှာ အချစ်တစ်ခုဖြစ်ပေါ်လာခဲ့တယ်။ ဒါပေမဲ့ ယုံကြည်ချက်ပျက်ပြားမှုတွေ၊ အတိတ်က နာကျင်စရာအမှတ်တရတွေနဲ့ နီဟယ်ရဲ့ ငယ်သူငယ်ချင်း အန်ဂျင် (Ismail Demirci) ရဲ့စွက်ဖက်မှုတွေကြောင့် သူတို့နှစ်ဉီးရဲ့အချစ်အတွက် စိန်ခေါ်မှုတွေဖြစ်ပေါ်လာစေခဲ့ပါတယ်။ Old Money ဟာ လူမှုရေးအလွှာခွဲခြားမှု၊ မိသားစုဂုဏ်သိက္ခာနဲ့ ချစ်ခြင်းမေတ္တာတွေကြား ရှုပ်ထွေးတဲ့အချစ်ရေးတစ်ခုကို ဖော်ကျူးထားတဲ့ ဇာတ်လမ်းတွဲလေးပါ။ ဇာတ်ဆောင်တွေရဲ့ သရုပ်ဆောင်ကောင်းမွန်မှုနဲ့ လှပတဲ့ရုပ်ပုံတွေကြောင့် တူရကီဇာတ်လမ်းတွဲတွေကိုနှစ်သက်သူတွေအတွက် ကြည့်ရှုသင့်တဲ့ဇာတ်လမ်းတွဲတစ်ခုဖြစ်ပါတယ်။ Episodes: 08 Aired: Oct 10, 2025 Aired On: Friday Original Network: Netflix Genres: Turkish, Romance, Drama
အပိုင်းများ
8 အပိုင်း၊ season 1 seasonဇာတ်လမ်းအကြောင်း