ဇာတ်ကားများ ရွေးရန်

War and Peace

2016ဇာတ်လမ်းတွဲအမှတ် 7.6/10

War and Peace (2016) IMDb Rating (8.1) / Rotten Tomatoes (88%) ကမ္ဘာ့ဂန္တဝင်စာပေတွေထဲက တစ်ခုဖြစ်တဲ့ စစ်နှင့်ငြိမ်းချမ်းရေးဆိုတာ မဖတ်ဖူးတောင် နာမည်လောက်တော့ ရင်းရင်းနှီးနှီးကြားဖူးနေကြမှာပါ။ ရုရှားစာရေးဆရာကြီး လီယိုတော်စတွိုင်းရေးသားခဲ့ပြီး ကမ္ဘာ့အရှည်ဆုံးဝတ္ထုတွေထဲက တစ်ပုဒ်ဖြစ်တဲ့ စစ်နှင့်ငြိမ်းချမ်းရေးဟာ နပိုလီယံခေတ် ရုရှားမင်းမျိုးစိုးမျိုးဇာတ်ရုပ်တွေကနေတဆင့် တော်စတွိုင်းရဲ့နိုင်ငံရေးအမြင်နဲ့ အတွေးအခေါ်တွေထင်ဟပ်နေတဲ့ ဇာတ်လမ်းဖြစ်ပါတယ်။ ဒီ mini seriesမှာ မင်းသမီးချောလေး Lily Jamesက ဖြူစင်တက်ကြွပြီး အချစ်ကိုကိုးကွယ်တဲ့ သခင်မလေးနာတာရှာ ဇာတ်ရုပ်နဲ့အလွန်လိုက်ဖက်သလို James Norton ကိုလည်း တည်ငြိမ်ပြီးခန့်ညားတဲ့ တော်ဝင်မင်းသားအန်ဒရေး အနေနဲ့တွေ့ရမှာပါ။ အဓိကဇာတ်ကောင်ဖြစ်တဲ့ ပီယဲရ်ဘဇူးကော့ဗ်(Paul Dano)ကတော့ ဖြစ်ချင်တာနဲ့ ဖြစ်နေတာ၊ နှုတ်အပြောနဲ့ လက်တွေ့အလုပ်တို့ကြားလွန်ဆွဲရင်း တော်စတွိုင်းရဲ့အတွေးအမြင်တွေကို ထင်ဟပ်ပြနေတဲ့ဇာတ်ရုပ်ဖြစ်ပါတယ်။ အသံတိတ်ရုပ်ရှင်ခေတ်ကနေပြီး ဒီနေ့အချိန်အထိ စစ်နှင့်ငြိမ်းချမ်းရေးကို ဇာတ်လမ်းတွဲတို့ ရုပ်ရှင်တို့အနေနဲ့ ပြန်ပြီးဖန်တီးထားတာ ခေတ်အဆက်ဆက်မှာရှိခဲ့ပါတယ်။ ဒီseriesကို ဝတ္ထုဖတ်ပြီးသူတွေအနေနဲ့ ဇာတ်လမ်းတစ်ပုဒ်လုံးခြုံပြီး ခပ်သွက်သွက်ပုံစံနဲ့တင်ဆက်ထားတာကြောင့် အကြိုက်တွေ့လောက်သလို ဝတ္ထုကိုမဖတ်ဖူးသူတွေအနေနဲ့လည်း ဂန္တဝင်ဇာတ်လမ်းတစ်ပုဒ်ကို မြည်းစမ်းကြည့်လို့ရမှာပါ။ File size… (1.5 GB) / (700 MB) Quality…. WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre…. Drama, History, Romance, War Duration…. 1hr Subtitle…. Myanmar Subtitle (Hardsub)

အပိုင်းများ

6 အပိုင်း၊ season 1 season

ဇာတ်လမ်းအကြောင်း