Kurukshetra
Kurukshetra (TV Series 2025) IMDb - 8.7/10 ဗီလိန် ဒဿဂီရိကို အမျိုးမျိုးတင်စားပြီး စာပေ၊ဂီတတွေမှာ ဖော်ကျူးခဲ့တဲ့အတွက် ဇာတ်တော်အကုန်အစင်မသိတောင် ရာမာယဏဇာတ်ကိုတော့ အရွယ်ရောက်ပြီးသူတိုင်း တီးမိခေါက်မိရုံလောက်တော့သိကြမှာပေါ့။ ရာမာယဏဇာတ်တော်ကို မသိသူမရှိသလောက်ရှားမှာဖြစ်ပေမဲ့ ဒီမဟာဘာရတ္တဇာတ်ကိုတော့သိသူနည်းမှာပါ။ ဆယ့်ရှစ်ရက်တိုင်တိုင် ကူရူခ်ရှေတရာစစ်မြေပြင်မှာ မင်းဆက်တစ်ခုတည်းကဆင်းသက်လာတဲ့ ဝမ်းကွဲညီနောင်တွေ အချင်းချင်း သွေးချောင်းစီးတိုက်ခိုက်ခဲ့ကြတဲ့ မဟာဘရတ္တစစ်ပွဲကြီးအကြောင်း။ ဒီဆယ့်ရှက်ရက်ကာလမှာ တစ်ရက်ချင်းစီကို ဇာတ်ကောင်တစ်ခုစီကနေ တစ်ပိုင်းစီ ဖန်တီးပုံဖော်ထားပြီး Netflixကနေ ၁၈ပိုင်းတိတိထုတ်လွှင့်ခဲ့တာမို့ ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ ဟတ်စတီနာပူရ်လို့ခေါ်တဲ့တိုင်းပြည်မှာ မင်းညီနောင်နှစ်ပါးရှိတယ်။ နောင်တော်ဖြစ်သူက မွေးကင်းစကတည်းက မျက်မမြင်ဖြစ်တာမို့ ညီတော်က ထီးနန်းဆက်ခံပြီး အုပ်ချုပ်မင်းလုပ်ခဲ့တယ်။ ညီတော်ပန်ဒါ့ဗ်မင်းမှာ သားတော်ငါးပါးထွန်းကားပြီး မျက်စိမမြင်တဲ့ နောင်တော်ဒါရစ်ရှ်ရှက်တရာကတော့ ကောရဗျမင်းသားတွေလို့ခေါ်တဲ့ သားတော်တစ်ရာထွန်းကားခဲ့တယ်။ ညီတော်နတ်ရွာစံတဲ့အချိန် နောင်တော်ဖြစ်သူက ထီးနန်းကိုသိမ်းပိုက်ပြီး အုပ်ချုပ်ခဲ့တဲ့နောက်မှာတော့ တူတော်ပန်ဒါ့ဗ်မင်းသားငါးယောက်ကို သားတော်ကော်ရဗျမင်းသားတွေနဲ့အတူ ပြုစုစောင့်ရှောက်ပေးခဲ့တယ်။ မင်းသားတွေအရွယ်ရောက်တဲ့အချိန် ကောရဗျမင်းသားတွေနဲ့မတူဘဲ ထူးခြားပြီး စွမ်းပကားကြီးလှတဲ့ တူတော်ပန်ဒါ့ဗ်မင်းသားတွေထဲက အကြီးဆုံးမင်းသား ယုဒိရှ်သီရ်ကို အိမ်ရှေ့မင်းသားအရာ မြှောက်ခဲ့တယ်။ ဒါကိုမကျေနပ်တဲ့ ကောရဗျမင်းသားတွေက ပုန်ကန်တဲ့အတွက် ပန်ဒါ့ဗ်မင်းသားညီနောင်ငါးယောက် တိုင်းပြည်ကထွက်ပြေးခဲ့ရတယ်။ ပန်ဒါ့ဗ်မင်းသားငါးပါးထဲက လေးအတတ်မှာ တဖက်ကမ်းခတ်ကျွမ်းကျင်တဲ့ အာဂျွန်က ဘုရင်တပါးရဲ့သမီးတော်ကြင်ယာရွေး လေးတင်ပွဲမှာ အနိုင်ရပြီး ပန်ဒါ့ဗ်မင်းသားငါးပါးလုံး ဘုရင့်သမီးတော်ဒရော်ပဒီရဲ့ ကြင်ယာတွေဖြစ်ခဲ့ကြတယ်။ ဒီမှာပဲ ပန်ဒါ့ဗ်မင်းသားငါးယောက်လုံး ဘုရင့်သားမက်တွေဖြစ်ပြီး အင်အားတောင့်တင်းလာတော့ ဦးရီးတော်မျက်မမြင်ဘုရင်ကြီးက တိုင်းပြည်ကို သားတော်တွေနဲ့အတူ နှစ်ပိုင်းခွဲပြီး အပ်နှင်းခဲ့တယ်။ အဲဒီနောက်တော့ ဝမ်းကွဲညီနောင်တွေကြား ဟတ်စတီနာပူရ်ပြည်ကို လုဖို့အကြောင်းဖန်လာရာကစ ကူရူခ်ရှေတရာစစ်မြေပြင်မှာ မဟာဘရတ္တစစ်ပွဲကြီး ဖြစ်ပွားပုံကို ခံစားကြည့်ရှုကြပါဦး။ (နာမည်တွေကို ကြည့်ရအဆင်ပြေအောင် သုံးနှုန်းထားတာမို့ ကျမ်းဂန်လာအတိုင်းမဟုတ်တာ သည်းခံပေးကြပါ။) File Size – 600 MB / 300 MB(Appx;)@Episode Quality – 1080p / 720p WEB DL Duration –30minute (@Episode) Total Episodes:18Eps Subtitle – Myanmar Hardsub Format – Mp4 Genre : Action & Adventure, Drama, Animation
အပိုင်းများ
18 အပိုင်း၊ season 1 seasonဇာတ်လမ်းအကြောင်း