ဇာတ်ကားများ ရွေးရန်

The Asset

2025ဇာတ်လမ်းတွဲအမှတ် 7.5/10

The Asset (2025) Season 01 (စ/ဆုံး) 'The Asset' ဆိုတဲ့ 2025 စုံထောက်ရုပ်ရှင်ဇာတ်လမ်း စီးရီးဟာ Netflix မှာ ထွက်ရှိလာပါတယ်။ ဇာတ်လမ်းက ရိုးရှင်းပြီး စိတ်လှုပ်ရှားစရာကောင်းတယ် အဓိက ဇာတ်ကောင်က Tea ဆိုတဲ့ လူငယ်မိန်းကလေး တစ်ယောက်ပါ။ သူက ယခင်က မူးယစ်ဆေးစွဲခဲ့ပြီး အခု ပြန်ကောင်းလာပြီး ရဲတပ်ဖွဲ့ ဝင်ချင်နေတဲ့သူပါ။ ဒါပေမဲ့ ဒါနစ်နိုင်ငံ ထောက်လှမ်းရေး ဌာန (PET) က သူ့ကို ရွေးချယ်ပြီး လျှို့ဝှက်အလုပ်ပေးလိုက်တယ်။ Tea ကို ရွှေဆိုင်ပိုင်ရှင်တစ်ယောက်လို ဟန်ဆောင်ပြီး ရာဇဝတ်မှုကြီး လုပ်နေတဲ့ မူးယစ်ဆေးမှောင်ခိုသမား Miran ရဲ့ အဖွဲ့ ထဲ ရောဝင်ခိုင်းတယ်။ အဲဒီ အလုပ်က သူ့ကို Miran ရဲ့ ရည်းစားဖြစ်တဲ့ Ashley နဲ့ ရင်းနှီးဖို့ လုပ်ရတယ်။ အစမှာ ရိုးရိုး အချက်အလက် စုဆောင်းရမယ်ဆိုပေမဲ့ နောက်ပိုင်း နှစ်ယောက်က တကယ် ရင်းနှီးလာပြီး မိတ်ဆွေ ဖြစ်လာတယ်။ Ashley ရဲ့ ဘဝက ကြမ်းတမ်းပြီး ကျွန်တယောက်လို ဖြစ်နေတာ တွေ့လို့ Tea က သူ့ မစ်ရှင်ကို မေ့ပြီး Ashley ကို ကယ်တင်ချင်လာတယ်။ ဒါကြောင့် သူ့ အလုပ်နဲ့ စိတ်ခံစားချက်က ရောထွေးလာပြီး အန္တရာယ် များလာတယ်။ ဇာတ်လမ်းမှာ လှည့်ကွက်တွေ အများကြီး ရှိပြီး နောက်ဆုံး မမျှော်လင့်ထားတဲ့ အဆုံးသတ် တစ်ခု ရှိပါတယ်။ စုစုပေါင်း အပိုင်း ၆ ပိုင်း ပဲ ရှိပြီး စိတ်ကူးယဉ်ထောက်လှမ်းရေးအက်ရှင် ရုပ်ရှင် ကြိုက်တဲ့ သူတွေ ကြည့်လို့ကောင်းမှာသေချာပါတယ်ဗျ။ File size… (600 MB) / (300 MB) Quality…. WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre…. Crime, Drama, Thriller Duration…. 50min Subtitle…. Myanmar Subtitle (Hardsub)

အပိုင်းများ

6 အပိုင်း၊ season 1 season

ဇာတ်လမ်းအကြောင်း