ဇာတ်ကားများ ရွေးရန်

Queen of Darkness

2025ဇာတ်လမ်းတွဲ

အပြိုင်ထွက်လာတဲ့ဝူရှ၊ ရှန်းရှတို့ကြည့်ရင်း အိပ်ရေးတွေပျက်၊ မျက်စိတွေကန်းလုမတတ်ဖြစ်နေတဲ့ C drama fan တို့အတွက် စိတ်ဝင်စားစရာကောင်းတဲ့ mini series လေးတစ်ခု ထပ်ယူဆောင်လာပေးပါတယ်။ ဒီစီးရီးထဲမှာ Into your heart, Embrace in the dark night, Sinful Marriage တို့မှာ MC အဖြစ်ပါဝင်ခဲ့တဲ့ မင်းသမီးချော Fang Jin နဲ့ Love Trap, Fate of Beauty တို့နဲ့ ပရိတ်သတ်တွေရဲ့အချစ်ကိုရခဲ့တဲ့ မင်းသားချော Yan Zi Xiao တို့က တွဲဖက်သရုပ်ဆောင်ထားပေးပါတယ်။ Mini Series တွေရဲ့ Queen လို့ပြောရလောက်အောင် သရုပ်ဆောင်ကောင်းမွန်တဲ့ Fang Jin နဲ့ ချောမောပြီး ဆေးစက်ကျရာအရုပ်ထင်နိုင်တဲ့ Yan Zi Xiao တို့ပါဝင်ထားတဲ့ ဒီစီးရီးက လျှို့ဝှက်ဆန်းကြယ်အချစ်ရိုမန့်စ်ကားလေးဖြစ်တာမို့ မကြည့်ရင်တော့ နောင်တကျိန်းသေရမှာပါ။ ဇာတ်လမ်းအညွှန်း >>> ယဲ့ယင်ဆိုသော ချမ်းသာကြွယ်ဝတဲ့ အမွေဆက်ခံသူတစ်ဦးဟာ သူ့ဘဝမှာ အပြောင်းအလဲတွေ အကြီးအကျယ်ဖြစ်ပြီးနောက် ကားမတော်တဆမှုတစ်ခုကြောင့် မှတ်ဉာဏ်တွေ ဆုံးရှုံးသွားပါတယ်။ သူ့ကို နူးညံ့သိမ်မွေ့တဲ့အန်းနင်အဖြစ် အထင်မှားခံရပြီး လုံးဝမရင်းနှီးတဲ့မိသားစုတစ်ခုထဲ အတင်းအကြပ် နေထိုင်လိုက်ရပါတော့တယ်။ ပတ်ဝန်းကျင်ကအန္တရာယ်တွေကြုံလာရချိန်မှာ ဖုံးကွယ်ထားတဲ့ ပင်ကိုစိတ်အလိုအတိုင်းနေထိုင်ရင်း ရှုပ်ထွေးတဲ့နောက်ကြောင်းတွေ ရှိနေတဲ့ စစ်ဆေးရေးမှူး ဟော်ရှောင်းနဲ့ အမှတ်မထင်ဆုံခဲ့ရပါတော့တယ်။ ဆန်းကြယ်လျှို့ဝှက်တဲ့ပုံစံကြောင့် ဟော်ရှင်းကိုမလွန်ဆန်နိုင်တဲ့အပြင် ဆွဲဆောင်မှုရှိလှတဲ့ရုပ်ရည်သွင်ပြင်မှာ ကျဆုံးသွားရရှာပါတယ်။ ယဲ့ယင်ဟာ မှတ်ဉာဏ်တွေကိုပြန်လည်ရှာဖွေနေစဉ်အတွင်း လျှို့ဝှက်ကြံစည်မှုတွေနဲ့ ရန်သူ/မိတ်ဆွေအဖြစ်ရှုပ်ထွေးနေတဲ့ သူတို့နှစ်ဦးရဲ့ဆက်နွယ်မှုတွေဟာ အဆက်မပြတ်ရောယှက်လာခဲ့ပါတယ်။ နောက်ဆုံးမှာတော့ ဒီအခြေအနေတွေက သူ့ကို လိမ်လည်ထားတဲ့ အန္တရာယ်များလှတဲ့ အမှန်တရားတစ်ခုကိုရွေးချယ်ဖို့ အတင်းတွန်းအားပေးလာချိန်မှာတော့ ယဲ့ယင်တစ်ယောက် မှတ်ဉာဏ်တွေပြန်ရလေမလား? ဟော်ရှင်းကရော ဘာတွေလျှို့ဝှက်ထားတာလဲ?? ဘာကြောင့်လျှို့ဝှက်ထားရတာလဲ??? နှစ်ယောက်ရဲ့ဆက်နွယ်မှုက ဘယ်လိုတွေရင်ခုန်ရပြီး ဆွဲဆောင်မှုရှိရှိနက်နဲစွာငြိတွယ်နေမလဲဆိုတာကတော့ ဒီ Queen of Darkness ဆိုတဲ့စီးရီးလေးမှာ လိုက်ပါစီးမျောကြည့်ရှုလိုက်ကြပါအုံးနော်...။ Quality : WEB-DL 1080p  Total Episodes : 24 Format : mp4 Genres : Romance, Drama Runtime : 20 min Subtitle : Myanmar Subtitle ( Hardsub )

အပိုင်းများ

24 အပိုင်း၊ season 1 season
ပြထားသည် 12 မှ 24 အပိုင်း

ဇာတ်လမ်းအကြောင်း