ဇာတ်ကားများ ရွေးရန်

IPC - The Ratnagiri Files

2024ဇာတ်လမ်းတွဲ

IPC The Ratnagiri Files S01 (2024) ကဲ ဒါကတော့ IMDb rating 7.6/10အထိရရှိထားတဲ့ Thriller အမျိုးအစား အိန္ဒိယ မှုခင်း ဇာတ်လမ်းတွဲလေးတစ်ခု ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း ဂွာဂရ်ရွာမှာ နေထိုင်တဲ့ နီဗရူသရီပါလဗ်ရဲ့ သမီး ဖြစ်သူ အသက် ၂၀အရွယ် စိုင်းပါလဗ်ဟာ ဟိုလီဆိုတဲ့ သင်္ကြန်ပွဲ ကျင်းပနေတဲ့ မတ်လ ၈ရက်နေ့ညမှာ မအင်္ဂါမှာ သွေးထွက်ဒဏ်ရာတွေနဲ့အတူ သိမေ့လျက် ကောက်ရိုးပုံကြားမှာ ‌ရှိနေတာကို ဘုရားပွဲရဲ့ ပြဇာတ်မှာ သရုပ်ဆောင်နေတဲ့ ကောင်မလေးတစ်ယောက်က ရှာတွေ့ခဲ့ပါတယ်။ တွေ့တွေ့ချင်းပဲ ရွာကလူတွေက ဂျေဂရ်မြို့ကဆေးရုံဆီ ပို့ပေးခဲ့ပေမဲ့ အခြေအနေက ဆိုးရွားလွန်းတဲ့အပြင် အသက်ရှူစက် တပ်ထားရတာကြောင့် ဘာတွေဖြစ်ခဲ့တယ်ဆိုတာကိုလည်းသူ့ကို မေးလို့ မရခဲ့ပါဘူး။ အရမ်းရိုးပြီး အနေအေးကာ တစ်ရွာလုံး ချစ်ကြတဲ့ စိုင်းပါလဗ်ကို ဒီလိုအခြေအနေရောက်အောင်လုပ်ခဲ့တဲ့ တရားခံက ဘယ်သူဖြစ်မလဲ... စုံထောက်ဌာနရဲ့ စုံစမ်းမှုတစ်လျှောက် အမှန်တရားက ပိုမိုရှုပ်ထွေးလာပြီး မျှော်လင့်ချက် အမျိုးမျိုးနဲ့ မယုံနိုင်စရာအကြောင်းအရာတွေ ပေါ်ပေါက်လာတာကို တစ်ရွာလုံးနဲ့အတူ ကြည့်ရှူသူတို့ပါ သဲထိတ်ရင်ဖို ဖြစ်စေမယ့် Crime Thrillerဇာတ်လမ်းလေး တစ်ခု ဖြစ်တာ‌မို့ အိန္ဒိယပရိသတ်များ လုံးဝ လက်မလွှတ်သင့်ပါကြောင်း... File Size – 500 MB (Appx;)@Episode Quality – 1080p WEB DL Duration –30minute (@Episode) Total Episodes:8Eps Subtitle – Myanmar Hardsub Format – Mp4 Genre : Drama

အပိုင်းများ

8 အပိုင်း၊ season 1 season

ဇာတ်လမ်းအကြောင်း