ဇာတ်ကားများ ရွေးရန်

Fight for Love

2025ဇာတ်လမ်းတွဲ

အောက်တိုဘာတစ်လလုံး C drama တွေအပြိုင်ထွက်နေလို့ ဟိုပြေးဒီပြေး၊ သိမ်ကြီးဈေးလေးတွေဖြစ်နေတဲ့ C drama fan တို့အတွက် လက်မလွှတ်တမ်းကြည့်ပေးရအုံးမဲ့စီးရီးလေးတစ်ခု ယူလာပေးပါတယ်🔔 စာရေးဆရာ Mo Shu Bai ရဲ့ ဝတ္ထုကောင်းတစ်ပုဒ်ဖြစ်တဲ့ Mountain and River Pillow (山河枕) ကိုမှီငြမ်းပြီး A Journey to love you ရဲ့ပဲ့ကိုင်ရှင် ဒါရိုက်တာ Zhou Jing Tao နဲ့ တွဲဖက်အဖြစ် Qi Xiao Hui တို့က ဒီကားလေးကို ရိုက်ကူးပုံ‌ဖော်ထားတာပါ။ ဒီကားမှာ Main Lead တွေအနေနဲ့ Reblooming Blue, Our Interpreter, Almost Lover တို့မှာ ခေါင်းဆောင်မင်းသမီးအဖြစ်ပါဝင်ခဲ့တဲ့ Victoria Song နဲ့ Love in Pavilion မှာ ခပ်ချေချေသခင်လေးအဖြစ် ပရိတ်သတ်ရဲ့နှလုံးသားကို သိမ်းပိုက်သွားသူ၊ Love Game in Eastern Fantasy မှာလဲ ခေါင်းဆောင်အဖြစ်ပါဝင်ခဲ့သူ Ding YuXi တို့က အတွဲညီညီသရုပ်ဆောင်ထားပေးပါတယ်။ ဇာတ်လမ်းအညွှန်း >>> ချူယွီဟာ အတိတ်ဘဝတုန်းက နန်းတွင်းလက်ဆက်ပွဲကနေ ထွက်ပြေးပြီး ချစ်ရသူ ကုချူရှန့်နဲ့ လိုက်သွားခဲ့ပါတယ်။ နောက်ဆုံးမှာတော့ နေရပ်နဲ့ဝေးရာမှာ ဆုံးပါးသွားခဲ့ရပါတော့တယ်။ ဒါပေမဲ့ ကံကြမ္မာရဲ့စေစားမှုကြောင့် ပြန်လည်မွေးဖွားခွင့်ရခဲ့ချိန်မှာ‌တော့ အသက် ၁၅ နှစ်အရွယ်မှာ အတိတ်ဘဝကအတိုင်း ရွေးချယ်စရာနဲ့ ထပ်မံရင်ဆိုင်ရပြန်ပါတယ်။ ချူယွီဟာ ဒီတစ်ကြိမ်မှာတော့ ချစ်ရသူကိုရွေးချယ်မဲ့အစား မကြာခင်မှာ ကံဆိုးမိုးမှောင်ကျပြီး စစ်ပွဲအတွင်း ကျဆုံးရတော့မဲ့ ဝေ့မျိုးနွယ်က သခင်လေးနဲ့လက်ဆက်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ချူယွီဟာ သက်ရှိသေမင်းတစ်ပါးဆိုပြီး နာမည်ဆိုးနဲ့ကျော်ကြားလာမဲ့ ဝေ့မိသားစုရဲ့သခင်လေးဝေ့ယွင်ရဲ့ဘေးနားမှာနေပြီ မိသားစုရဲ့ဂုဏ်သိက္ခာကိုကာကွယ်ပေးဖို့ ကတိပြုခဲ့ပါတတယ်။ ဒါပေမဲ့ မထင်မှတ်စွာနဲ့ပဲ ဝေ့မိသားစုရဲ့အာဏာအရှိဆုံးသခင်မဟာ ချူယွီဖြစ်လာပါတော့တယ်။ ဒီကားလေးက Rebirth ဆိုပေမဲ့ အရင်လူကိုပြန်ရွေးတဲ့ C drama fan တွေလိုမဟုတ်ဘဲ လူသစ်ကိုရွေးပြီး ချစ်စစ်တလင်းခရီးမှာ ကြုံရမဲ့အသစ်သစ်သောအခက်အခဲတွေကို ရင်ခုန်စွာနဲ့မျှော်လင့်စောင့်စားကြည့်ရမဲ့ ဇာတ်ကားကောင်းလေးပါ။ ဒါ့အပြင် Main Lead နှစ်ယောက်ရဲ့အချိတ်အဆက်မိမှုတွေ၊ သရုပ်ဆောင်ကောင်းမွန်မှုတွေကိုပါ တစ်ဝကြီးခံစားရမှာမို့ C drama fan မှန်ရင် ကြည့်ကိုကြည့်သင့်တဲ့စီးရီးလေးဖြစ်ကြောင်းညွှန်းရင်း...။ Quality : WEB-DL 1080p, 720p  Total Episodes : 40 Format : mp4 Genres : Historical, Romance Runtime : 45 min Subtitle : Myanmar Subtitle ( Hardsub )

အပိုင်းများ

42 အပိုင်း၊ season 1 season
ပြထားသည် 12 မှ 42 အပိုင်း

ဇာတ်လမ်းအကြောင်း