ဇာတ်ကားများ ရွေးရန်

Goddess Bless You From Death

2025ဇာတ်လမ်းတွဲ

မရဏနယ်ရဲ့ လမ်းပြကြယ် (၂၀၂၅) သတင်းစထွက်ကတည်းက အတော်လေးဟော့နေတဲ့ Pitbabe CP Pooh-Pavel ရဲ့ အလန်းဇား BL Horror လေး Halloween Day အမီ ထွက်ရှိလာပါပြီ။ Pitbabe မှာ ရိုခဲ့ချိုခဲ့တဲ့ ပါပါးနဲ့မာမားတို့ ဒီဇာတ်ကားလေးမှာရော ဘယ်လိုကမ်မီကြဦးမလဲ ရှုစားကြပါဦး။ ရာဇဝတ်မှုစုံစမ်းစစ်ဆေးရေးဌာနကို ၂ နှစ်အကြာမှာ ပြန်ပြောင်းလာတဲ့ဒုရဲအုပ်စင်ဟာကို စောင့်ကြိုနေတဲ့ ၇ လောင်းပြိုင်လူသတ်မှုကြီး စွန့်ပစ်ဈေးဝယ်စင်တာက သစ်ပင်ကြီးမှာ တွဲလောင်းချိတ်ထားတဲ့အလောင်း ၇ လောင်းနဲ့ ရဲတွေရောက်လာချိန်မှာ အလောင်းတွေနားမှာ ရူးသလိုကြောင်သလိုနဲ့ စိတ်နဲ့လူနဲ့မကပ်တဲ့ကောင်လေးတစ်ယောက်ကိုတွေ့တော့ စင်ဟာတို့လည်း စခန်းကိုခေါ်သွားတာပေါ့။ ဒါပေမဲ့ စစ်ဆေးပြီးတဲ့နောက်မှာ ဒီကောင်လေးက ထူ့ပ်လိုခေါ်တဲ့ ဘုန်းကြီးကျောင်းသားလေးဖြစ်ပြီး သူသရဲတွေမြင်နေရပါတယ်လို့ တွင်တွင်ပြောနေတော့ စင်ဟာအတွက် ခေါင်းကိုက်စရာတိုးလာတဲ့အပြင် စင်ဟာနားမှာရှိနေရင် သရဲတွေမလာဘူးဆိုပြီး ထူ့ပ်တစ်ယောက် ကြောင်ပေါက်လေးလို ကပ်နေချိန်မှာတော့... ဒီအမှုကရော လူတွေထင်နေသလို အောက်လမ်းအတတ် စုန်းအတတ်နဲ့ဆက်စပ်နေသလား။ ထူ့ပ်ကရော မျက်မြင်သက်သေလား လူသတ်သမားလား။ ဒုရဲအုပ်စင်ဟာတစ်ယောက် အမှုကိုဘယ်လိုဖြေရှင်းသွားမလဲဆိုတာ ရှုစားကြပါဦး။ File size…(840 Mb)/(440 Mb) Quality….Webrip 1080p / 720p Duration…. 00:57:00

အပိုင်းများ

13 အပိုင်း၊ season 1 season
ပြထားသည် 12 မှ 13 အပိုင်း

ဇာတ်လမ်းအကြောင်း