ဇာတ်ကားများ ရွေးရန်

Tales of Five Immortals

2025ဇာတ်လမ်းတွဲ

ဒီနှစ် ၂၀၂၅ က S အဆင့် C drama တွေအပြင် Mini Series တွေရဲ့နှစ်လို့လဲပြောလို့ရပါတယ်။ အခုလဲ C drama Fan တို့အတွက် စိတ်ဝင်စားစရာ Mini Series လေးတစ်ခု ညွှန်းပေးချင်ပါတယ်။ ဒီကားမှာ Forensic after Dark ရဲ့ Main Lead Gao Kai နဲ့အတူ Wanna be မှာ ပါဝင်ခဲ့တဲ့မင်းသမီးချောလေး Chen Mei Yan တို့က တွဲဖက်သရုပ်ဆောင်ထားပေးတာပါ။ Gao Kai က ထူးခြားဆန်းကြယ်တဲ့ဇာတ်လမ်းတွေနဲ့ အတော်လိုက်ဖက်ပြီး အံဝင်ခွင်ကျနိုင်စွမ်းမြင့်တဲ့အပြင် Chen Mei Yan ကလဲ ကျရာဇာတ်ရုပ်ကိုပိုင်နိုင်သူမို့ ဒီ Mini Series ကလဲ ပရိတ်သတ်ရင်ထဲ တန်းရောက်အုံးမှာကျိန်းသေပါတယ်။ ဇာတ်လမ်းအညွှန်း >>> ပရမ်းပတာဖြစ်နေတဲ့သမ္မတခေတ်မှာ မိဘမဲ့ဖြစ်ခဲ့ရတဲ့ လိုင်ဖုက “မြေခွေးဝိညာဉ် သတ်ဖြတ်ခြင်း”ဆိုတဲ့ဘေးဒုက္ခကနေ ခက်ခက်ခဲခဲလွတ်မြောက်ရှင်သန်ခဲ့ပါတယ်။ နေစရာလဲမရှိ၊ မိဘမဲ့ပါဖြစ်နေတာမို့ ဘုရားကျောင်းပျက်တစ်ခုမှာ မွေးရာပါပါရမီပါလာတဲ့ ဂမ္ဘီရပညာကျွမ်းကျင်မှုတွေကိုလေ့ကျင့်ရင်း လှည့်လည်သွားလာနေတဲ့ အပနှင်ဆရာတစ်ဦးဖြစ်လာခဲ့ပါတယ်။ တစ်ဆယ်စုနှစ်တစ်ခုအကြာမှာတော့ “အမတ‌မြွေပါမင်္ဂလာပွဲ” ဆိုတဲ့အမှုနဲ့အတူ သူ့လက်စားချေခရီးကိုစတင်ခဲ့‌ပေမဲ့ ချောမောပြီး လျှို့ဝှက်ဆန်းကြယ်လှတဲ့မမလေးပိုင်နဲ့ သူ့ဓနအင်အားကြီးမိသားစုရဲ့ကိစ္စ‌တွေမှာ ငြိတွယ်ဝင်ပါမိခဲ့ပါတယ်။ ထူးဆန်းတဲ့အမှုတွေက ဟာပင်းမြို့ကိုဒုက္ခပေးလာတာမို့ လိုင်ဖုက ပြတ်သားတဲ့စစ်ဆေးရေးမှူးကုနဲ့ ပူးပေါင်းစုံစမ်းခဲ့ပါတယ်။ ပိုင်မိသားစုရဲ့ဆွေမျိုးစုဆုံပွဲမှာ ကြောက်မက်ဖွယ်ဖွင့်ချမှုတစ်ခုက “မီးခိုးရောင်နတ်ဆိုးပူးကပ်ခြင်း”နောက်ကွယ်က အဓိကတရားခံကို ဖော်ထုတ်နိုင်ခဲ့ပါတယ်။ အဲလိုနဲ့ နှစ်ဦးသား ပူးပေါင်းပြီး ပိုင်မိသားစုရဲ့ကံကြမ္မာကို ပြောင်းလဲစေခဲ့တဲ့အစီအရင်တွေကို ဖျက်ဆီးကာ ဂျပန်တွေနဲ့ပူးပေါင်းကြံစည်နေတဲ့ပြဇာတ်အဖွဲ့ခေါင်းဆောင်တစ်ဦးအပါအဝင် သစ္စာဖောက်အစီအစဉ် ဖော်ထုတ်နိုင်ခဲ့ကြပါတယ်။ တရားမျှတမှုကို အကောင်အထည်ဖော်ပြီးနောက်ပိုင်းမှာတော့ လိုင်ဖုက သူရရှိထားတဲ့စည်းစိမ်ဥစ္စာဘဝကိုစွန့်လွှတ်ပြီး လမ်းပေါ်မှာ ခြေဦးတည့်ရာလှည့်လည်‌ရတဲ့ဘဝကိုပဲ ပြန်လည်ရွေးချယ်ခဲ့ပါတော့တယ်။ ခေါင်းမာတဲ့ မမလေးပိုင်နဲ့ စိတ်ဓာတ်မာကြောပြတ်သားတဲ့ စစ်ဆေးရေးမှူးကုတို့နှစ်ဦးလုံးကလဲ လိုင်ဖုနောက်ကိုပဲ‌လိုက်ကြဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒီ Trio အုပ်စုက ရှေ့လျှောက်ဘယ်လိုတွေရင်ဆိုင်ရမလဲ? အမှုတွေကတော့ ဘယ်လောက်ထိဆန်းကြယ်နေမှာလဲ??? လိုင်ဖုကရော လက်စားချေနိုင်ပါ့မလား??? ဒီလိုစိတ်ဝင်စားစရာအစုံပြည့်နှက်နေတဲ့ ဒီ Mini Series လေးက မချောနှစ်ယောက် ကိုယ်တစ်ယောက်ဇာတ်လမ်းသွားမို့ လျှို့ဝှက်ဆန်းကြယ်မှုတွေကြားက အချစ်ရိပ်ငွေ့ငွေ့ကိုပါခံစားချင်ရင် အသေအချာစောင့်ကြည့်အားပေးကြဖို့ ညွှန်းလိုက်ရပါတယ်...။ Quality : WEB-DL 1080p Total Episodes : 23 Format : mp4 Genres : Mystery Runtime : 20 min Subtitle : Myanmar Subtitle ( Hardsub )

အပိုင်းများ

23 အပိုင်း၊ season 1 season
ပြထားသည် 12 မှ 23 အပိုင်း

ဇာတ်လမ်းအကြောင်း